ကန်ရေပြင်ကတိုက်ခတ်လာသော
လေပြည်တို့သည် ပုံမှန်ထက်ပင်ပို၍အေးစက်လျှက်...ငါးမျှားနေသောလူတစ်ယောက်လည်းရှိနေသည်။ ချောမောသောမျက်နှာသွင်ပြင်ထက် ဝဲကျနေသောဆံသားတစ်ချို့သည်
လွှင့်လွှင့်မျောမျော..."ခွမ်းးး"
ငါးမျှားနေရင်း လှမ်းကြည့်မိတဲ့အခါ
အကြွေးရှင်သူဋ္ဌေးလေးသည်
ကော်ဖီသောက်ရန်ပါလာသော ဖန်ခွက်လေးအား ခွဲလိုက်ပြန်ပြီ။ တကယ့်သောက်ကျိုးနည်း...။"မင်း လုပ်ပြန်ပြီလား"
"မဟုတ်ပါဘူး ကျွန်တော်ခွဲတာမဟုတ်ပါဘူး
သူ့ဘာသာကွဲတာ"ရိုးရိုးအေးအေးမထုံတတ်ထေးလေး
ဒီကာလတွေအတွင်း ပိုက်ဆံချေးခြင်းကို
အကြောင်းပြုကာသူနဲ့အနည်းငယ်ခင်သွားခဲ့ပေမယ့် နားလည်ရခက်နေတုံးပင်...။
ဒီဖန်ခွက်လေးခွဲမိတာကို ပြူးပြူးပြဲပြဲဖြစ်နေတာပဲကြည့်... သူဘာကိုင်ကိုင်ကျိုးနေတာတွေကျ မလန့်ဘူး။"ငါလည်းမင်းကိုပြန်မလျော်ခိုင်းပါဘူး
အသဲအသန်မငြင်းစမ်းနဲ့ ခွဲမိတော့ရော
ဘာဖြစ်လဲ ငါ့မှာပေါလွန်းလို့""မဟုတ်ဘူး ကျွန်တော်ခံစားချက်တွေမကောင်းလို့ပါ တစ်ခုခုဖြစ်တော့မယ်လို့ခံစားရတယ် ဖန်ခွက်ကွဲသွားတော့ ပိုသတိထားစရာပဲ.."
"မင်း ကအကြားအမြင်ရနေတာလား"
"မရပါဘူး ကျွန်တော်လန့်နေတာပါ
ထယ်လေး ကိုဒီရက်တွေထဲ မြင်ရတာလဲ
မလန်းဆန်းဘူးလေ"နာကျင်မှုကိုကြံကြံဖန်ဖန်ရယူတတ်တာ
NamJoon တစ်ယောက်ထဲမဟုတ်၊သူကိုယ်တိုင်လည်းအစစ်ပါနေခဲ့သည်။
မဲ့ပြုံးလေးသာပြုံးလိုက်ရင်း..."အဲ့ကောင်လေးက ပြန်မကြိုက်သေးဘူးလား"
"ဆိုပါတော့"
"အံသြစရာပဲ မင်းလိုပုံစံကိုတောင်မကြိုက်ဘူးဆိုတော့ ..."
"အံသြစရာမရှိပါဘူး ကျွန်တော့်ပုံစံကတုံးတယ်လေ "
"ဘယ်သူပြောတာလဲ သူပြောလို့လား"
ပြောတဲ့လူကို ဖဲ့တော့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့
မေးလာတာကြောင့် Namjoonမှာ
ရယ်မရလို ငိုရမလို....။