စိတ္တဇဆန်သောပိုင်ဆိုင်လိုမှုတွေနဲ့အမုန်းတွေ၏လွန်ဆွဲခြင်းမှာ နှလုံးသားသည်ခပ်ယဲ့ယဲ့...။ ဘာတွေများမှားယွင်းနေလဲမသိအောင် Park Jimin ဆိုတာနဲ့အလူးအလဲထိုးနှက်ခံရနေရသလို ရူံးပွဲတွေဆင့်နေသည်။
မိန်းမလှလေးတွေပျော်ဆင်းအောင်ပြုံးပြနေကာ သူ့အားဘာမှအရေးမပါသလိုလုပ်နေခြင်းကိုမခံစားနိုင်...။ကလေးတစ်ယောက်လိုရှန်ပိန်မသောက်ခိုင်းခြင်းကဘာလဲ
အိမ်ထောင်ဦးစီးကိုမလေးစားလိုက်တာ။ စိတ်သိပ်ပါလို့မဟုတ်ပေမယ့် ပညာတော့ပြရအုံးမည်။နောက်ထပ်ရှန်ပိန်တစ်ခွက်ယူကာ
လှောင်ပြုံးလေးနဲ့မော့နေစဥ်ခဏလေးအတွင်းမှာဆွဲယူခံလိုက်ရတဲ့နှုတ်ခမ်းသားတွေ....။လည်ပင်းနဲ့ခေါင်းအားလက်ဖဝါးကြီးတွေဖြင့်
ထိန်းကိုင်ကာအပြစ်ပေးချင်စိတ်နဲ့စုတ်ယူလိုက်တာမို့ ကြမ်းတမ်းမှုသည်နှစ်ဆ ပြင်းပြင်းထန်ထန်...။ရှန်ပိန်ခွက်လေးပင် လွတ်ကျသွားခဲ့သည်။ပွဲတက်လာသောဧည့်သည်တွေကတော့
သတို့သားတွေမို့ ချုပ်နမ်းနေလည်း
မဖွယ်မရာလို့မသတ်မှတ်နိုင်ဘဲ အချစ်စမ်းနေတယ်ဟုပဲထင်လိုက်ကာ လက်ခုပ်တွေဝိုင်းတီးကြသည်။Park Jimin ရည်းစားဟောင်းတွေကတော့စိတ်အကြီးကြီးညစ်သွားကြ ကာငိုချင်စလိုလိုဘာလိုလိုနှင့်...။ပိုင်စိုးပိုင်းနင်းသူ့ယောင်္ကျားပါလို့ခေါင်းစဥ်တပ်ပြမှုအောက်မှာ လက်ချင်းချိတ်ပြီး Love shot သောက်ခဲ့သောမိန်းကလေးပင်သူလက်စဖျောက်ခံရမှာလားဆိုပြီးအတွေးများကုန်သည်။
Jimin သောက်ထားသောရှန်ပိန်တွေသည်နှုတ်ခမ်းအောက်သို့စီးကျလာကာတစ်ချို့တစ်ဝက်ကတော့ နှူတ်ခမ်းပါးတွေဆီ အလုအယက်ဝင်ရောက်သွားသည်။
မပြောပြတတ်လောက်အောင်မိမိုက်သောအထိအတွေ့သည် တွေး၊တွေးရူးချင်စရာ...
စိတ်တွေတောင်လွတ်ထွက်ချင်သွားသည်။ အမုန်းတရားတွေကိုတောင်မေ့ပြီးရူးကြောင်ကြောင်ဒီလူ့အပေါ်....။
မဖြစ်သင့်လိုက်တာ....ပူရှိန်းထဲထွက်လာတဲ့ချောကလက်တွေလို
ရှိန်းမြမြလေးကိုမှချိုချိုအီအီလေး
သိပ်ကိုဆန်းပြားတာမို့ တစ်စိုက်မတ်မတ်စားသုံးချင်လာသောစိတ်သည် အပြစ်ပေးခြင်းဆိုတာထက်ကျော်လွန်လာခဲ့သည်။ သူမသိတော့ရှန်ပိန်တွေပါရောလာတော့ အရူးလိုပဲ...။ တစ်ခုခုကသူကို့ထုံထိုင်းစေသလို...။