"P.J.M band ပြန် comebackတယ်တဲ့ဟေ့"
ပိုစတာတွေအား တက္ကသိုလ်လမ်းတွေအပေါ် ခပ်ကြမ်းကြမ်းကြဲချသွားတော့ အလုအယက်ပြေးကောက်ကြသည်။ နံရံတွေမှာ တကူးတက ကပ်ကာ ကြေညာစရာမလိုဘဲ သူတို့ပရိတ်သတ်တွေဟာ သူ့နည်းသူဟန်ဖြင့် နာမည်ကြီးအောင် သတင်း ဖြန့်ကြလိမ့်မည်။ P.J.M Bandသာဆို ကျောင်းတွင်းသာမက ကျောင်းပြင်ပက လူတွေတောင် တကူးတက လာကြည့်ရအောင်အထိ နှစ်ခြိုက်ခဲ့ကြသော ပွဲမျိုးမို့ လူသိပ်စိတ်ဝင်စားကြသည်။ အဖွဲ့လိုက်လှုပ်ရှားမှုတွေ တစ်နှစ်ကျော်လောက်ပျောက်ပြီးမှ ပြန်ပေါ်လာတာမို့ အရမ်းသဘောကျခဲ့သော Fan အများစုဟာ မျက်ရည်နှင့်မျက်ခွက်။ အထူးသဖြင့် သူတို့၏ ကောင်ဆိုးလေး Park Jiminကို မမြင်ရတာ သိပ်ကြာခဲ့ပြီလေ...။
လုပ်ချင်ရာလုပ်ကာ နာမည်ပျက်ပေါင်းစုံနေလည်း ချစ်တဲ့သူတွေကတော့ Park ဆိုတဲ့မျိုးရိုးနာမည်တစ်လုံးနဲ့တောင် လှုပ်လှုပ်ခတ်ခတ်။ ပေါ်လာသော Band အသစ်တွေနဲ့ ပြိုင်ဘက် Band ဟောင်းများသည်ပင် သူတို့ပွဲကို အထူးစိတ်ဝင်စားကာ လာရောက်ကြတော့သည်။
ပထမဆုံးထွက်လာသူဟာ Min Yoongi...။ ဂုတ်ထိရှည်သော ဆံပင်အပေါ်ပိုင်းကို စည်းနှောင်ထားပုံဟာ မိုက်တာထက်ကို ဆယ်ဆဆင့်မြှင့်နေသည်။ valentino ရှပ်အင်္ကျီအနက်ရောင်လက်တိုကို ကြယ်သီးနှစ်လုံးလောက်ဖွင့်ဟ ဝတ်ထားတာမို့ ဖြူလွန်းသောအသားအရေဟာထင်းခနဲလင်းခနဲ..။
သူနဲ့မတိမ်မယိမ်းမှာပဲ ထွက်လာသူက Min yoongi ရဲ့ ချစ်စရာဆန့်ကျင်ဘက်လေး။ အဖြူရောင်ဆွယ်တာ၊ အဖြူရောင်သိုးမွှေးဦးထုတ်လေးနဲ့ ကြည်လင်ချိုမြနေသော အပြုံးဟာ ပွဲလာသူအားလုံးကို ငေးခနဲ ဖြစ်သွားစေသည်။ တစ်ယောက်ကနွေးထွေးကြည်လင်ပြီး တစ်ယောက်ကလန်းဆန်းအေးမြတဲ့ခံစားချက်မျိုးတွေနဲ့ အဖြူအမဲအတွဲလေးက တစ်ချက်လောက်ခိုးကြည့်ပြီး ရှက်ကိုးရှက်ကန်းဟန်လေးတွေဖြင့် အသည်းယားစရာတစ်မျိုးကောင်းနေခဲ့သည်။
ခုထိစင်ပေါ်တက်မလာသေးတဲ့ တစ်ယောက်ကြောင့် Yoongi နှင့်hobi နည်းနည်းစိတ်ပူသွားသည်။ ပရိတ်သတ်တွေဟာလည်း မျက်လုံးလေးတွေဝိုင်းကာ ဘယ်လိုပုံစံနဲ့များပေါ်လာမလဲ မျှော်လင့်တကြီး။