ဘယ်လိုခါးသီးမှုတွေပဲဖြစ်ဖြစ်
Park Jimin လောက်တော့ခါးသီးနိုင်ပါ့မလား....အချစ်တွေအတ္တတွေပိုင်ဆိုင်လိုမှူတွေထက်
အဆိပ်ပြင်းသောအရာသည် Park Jiminမို့
နှလုံးသားတွေကိုလတ်လတ်ဆတ်ဆတ်ဖိနပ်နဲ့နင်းထားပြီး ငါဘာလုပ်လို့လဲ လို့
မျက်နှာပြောင်ပြောင်နဲ့ ပြန်မေးခွန်းထုတ်အုံးမှာ...ချစ်မိသူတိုင်းအတွက် မျက်ရည်ပင်လယ်တွေ
ဖန်တီးပေးတတ်သော အဆိုးလေး ၏ဖြစ်တည်မှုသည် ကြောက်စရာ...ချစ်မိသူတိုင်းဟာလည်း မသိလို့မဟုတ်
သိရက်နဲ့ ရှေ့တိုးနေမိခြင်းတွေသည်
ပို၍ကြောက်စရာကောင်းသောဖြစ်ရပ်...။"မောင်... တောင်းပန်ပါတယ်
စိတ်ဆိုးပြေအောင်ဘယ်လိုချော့ရမလဲ
စိတ်ကြိုက်နမ်းကြမလား..."ပင့်ကူနက်နက်မာယာကြောမှာ ပိုးဖလံလေးတွေလိုအေးအေးဆေးဆေးတိုးဝှေ့လာသည်
ယောင်းက ပိုးဖလံလေးတွေထက်
လိပ်ပြာညိုညိုလေးနဲ့ပိုဆင်တူမယ်ထင်တယ်ချော့နည်းချော့ဟန် ထူးဆန်းစွာ
နေရောင်မထွက်တထွက်မှာ
ယောင်းဆီကဖုန်းcallလေးကြောင့်
အိပ်ပျော်နေရာကနေအပြေးအလွှား....
Park Jimin ကအချော့ခံလူတန်းစားမို့
ဘဝင်ရာခိုင်နှုန်းတွေသည်
ပို၍မြှင့်တတ်လာသည်
တော်ရုံဆို ဝဲလိုက်သင့်ပြီပေါ့
ဘာလို့အူမြူးစွာသူ့ဆီသွားချင်နေမှန်းမသိချစ်တယ်လည်းမဟုတ်
မချစ်ဘူးလည်းမဟုတ် အခြေအနေလေးမှာ
သူဟာ အနမ်းတွေကိုတော့သေမတက်ရူးတယ် အသည်းပုံနှုတ်ခမ်းတွေကအတိုင်းအဆမဲ့ပဲ...။ညကအရှိန်တွေကသိပ်သေ သေးတာမဟုတ်
ခေါင်းကိုက်ကာ ဘာမှလည်းမမှတ်မိ
ဆေးတန်ခိုးနဲ့ ရူးနေအောင် တိမ်တွေပေါ်
ရောက်ခဲ့တာတော့အမှန်ပဲ...ဘယ်Ladyနဲ့နှစ်ပါးသွားခဲ့မှန်းလည်းမသိ
ကားထဲအနည်းငယ်သန့်ရှင်းရေးလုပ်လိုက်ပြီး
ဘောင်းဘီအားကောက်စွတ်ကာ
အမြန်မောင်းထွက်လာလိုက်သည်အိမ်ကြီးပေါ် ပြတင်းပေါက်ကနေ
လှမ်းကြည့်နေသော ကောင်မလေးအား
သူသတိမထားခဲ့....။ခရမ်းရောင်အိမ်လုံးလုံးလေးရှေ့ကို
ကားလေးထိုးရပ်လိုက်တော့
ယောင်းက အသင့်စောင့်နေပြီးသား
ဖြစ်ကာ ကားထဲဝင်ထိုင်သည်
မျက်ဝန်းစိမ်းတွေဟာ ငိုထားတာသိသာကာ
နီနီရဲရဲ....