လှလှကလေးပြုံးမိသွားခဲ့တာ ခပ်တိတ်တိတ်စက္ကန့်ပိုင်းတွေ ။ သူ့ကိုယ်သူနားမလည်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာတွေဟာ ရောထွေးနေသည်။ သူမပျော့ညံချင်။ သူမပျော်ဝင်ချင်ပါ။ မောင့်အတွက် အပြစ်ရှိသလို ခံစားရသည်။
အိမ်အောက်ထက်ကို ဆင်းလာတော့ မနက်စာကိုသေချာပြင်ဆင်နေသော ယောင်္ကျားဖြစ်သူ Jeon Jungkook။ ကလေးကို ထိုင်ခုံသေးသေးလေးပေါ်တင်ထားသည်။ အနည်းငယ်ရှည်နေသော ဆံပင်တွေကို တွေ့ရာကြိုးတစ်ခုနှင့် စုချည်လိုက်ပုံဟာ Drama ပြကွက်လှလှလေးတစ်ခုလိုဘဲ။ ထို့နောက် တက်တူးအပြည့်နှင့် လက်တွေက ဇွန်းခွက် ကိုကိုင်ပြီး ဟင်းချက်နေပုံဟာ အနည်းငယ်တော့ ဂွတိဂွကျ။
"Jungkook က ဟင်းကိုယ်တိုင်ချက်နေရတာလား"
အသံကြားရုံနှင့် ခပ်ယဲ့ယဲ့ပြုံးနေသောမျက်နှာငယ်ဟာ ခါးသီးရွံရှာစွာ မဲ့ရွဲ့သွားသည်။ မပြောမဆိုနှင့် အိမ်ထဲရောက်ရှိလာသော Han Nara ဟာ ခနဲ့သလိုလို ရွဲ့သလိုလိုဖြင့် Jeon ဟင်းချက်သော နေရာရှေ့မှောက်ထိ လျှောက်လှမ်းလာခဲ့တယ်။ သူဆင်းလာတာမြင်တော့ ဒေါက်ဖိနပ်နီရဲရဲဟာနဂိုကထက် အသံပိုပြင်းနေခဲ့ပုံဟာ အမြင်ကပ်စရာ။ သူ့အမြတ်တနိုးလေးကို ဒီက တမင်ခိုင်းစားနေတယ်များထင်နေသလားမသိ။
" တို့ ကို ပြောတာမဟုတ်ဘူး။ ချက်ပေးမှာပေါ့။ ဘာလို့အပင်ပန်းခံရတာလဲ ကောင်လေးရယ်"
ချိုအီသောစကားတွေနှင့် ချွဲပစ်နေသော လေသံ။ ချစ်စရာကောင်းအောင် ကြိုးစားနေခြင်းလားတော့ မသိ။နီနီရဲရဲ သူမပုံစံနှင့် ဘယ်လိုမှမလိုက်ဖက်။ Han Nara ဟာ ကြမ်းကြမ်းတမ်း သူနှင့်အပြိုင်ရန်ဆောင်နေကြတဲ့အချိန်တွေကမှ ပိုဆွဲဆောင်မှုရှိသေးသည်။
Jimin ၏ မကောင်းသော ညာဥ်လေးဟာ ထွက်ပေါ်လာသည်မို့ မဲ့ပြုံးလေးဆင်မြန်းလျှက် အောက်ထက်သို့ ဆင်းလာခဲ့သည်။ leather ဖိနပ်အနက်ကို စီးလိုက်ကာ သူမထက်ပြင်းသော ခြေသံဖြင့် Jungkook အနားကိုလျှောက်သွားလိုက်ကာ ကျစ်လစ်သော ခါးသွယ်သွယ်အား နောက်ကနေ တိုးဖက်လိုက်သည်။ လုံးဝမထင်မှတ်သော အခြေအနေမို့ ဟင်းချက်နေသော ယောင်္ကျားငယ်ငယ်လေး၏ ကိုယ်လေးဟာ တွန့်ခနဲ။ Han Nara သည်လည်းမထိန်းသိမ်းနိုင်အောင် မျက်နှာပျက်သွားသည်။