ချစ်ခြင်းတရားတွေကသိပ်ဆန်းကြယ်နေလိမ့်မယ်။ ဒါပေမယ့်အမုန်းတွေကပိုဆန်းကြယ်တယ်။ Park Jimin ကတော့အဆန်းတကာ့အဆန်းကြယ်ဆုံး...။
ခြေထောက်ကိုကျောက်ပတ်တီးကိုင်ထားတာမို့ အရာအားလုံးကိုတစ်ယောက်ယောက်ကူညီနေမှ အဆင်ပြေသည်။ ကူညီတဲ့သူကလည်းစိတ်အရမ်းမရှည်တဲ့သူဖြစ်နေသည်မှာလည်းပေါက်ပေါက်ရှာရှာ...။
"Nurse ချောချောလေးငှားပေးလို့မရဘူးလား မင်းရဲ့ရှစ်ခေါက်ချိုးမျက်နှာကြီးကိုကြည့်ရတာစိတ်ကင်ဆာပဲ"
"ခင်ဗျားကိုစိတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်အောင်လုပ်ပေးမယ် ဘယ်nurseမှ မမျော်လင့်နဲ"
အမြဲတမ်းငြင်းခုံနေ့ရက်တွေသည်မရိုးရ၊
ဘယ်တော့မှအနိုင်အရှုံးလည်းမရှိသရေပါပဲ...။"စီးကရက်သောက်ချင်တယ် ယူပေး"
"မီးရှို့လိုက်ပြီ"
"ဘာ... ငါမင်းကြောင့်ဆေးသုံးရတော့တာလဲမဟုတ်ဘူးနော် စီးကရက်တော့သုံးခွင့်ပေး"
"ခင်ဗျားလိုချင်တာတွေလိုက်လျောဖို့ဒီရောက်နေတာမဟုတ်ဘူး ကန့်သတ်ဖို့ရောက်နေတာ"
"ကျစ်် ဘာကောင်မှန်းကိုမသိ"
"ခင်ဗျားယောင်္ကျားဖြစ်မယ့်ကောင်လေ
သေသေချာချာမှတ်ထား""မင်းလိုကလေးကဘယ်တော့မှ ငါ့အတွက်ယောင်္ကျားတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး"
စပ်စပ်ခါအောင်နာသွားမှန်း နီရဲရဲမျက်ဝန်းကြီးကြီးတွေကသက်သေ...။နှုတ်ခမ်းပါးအောက်ကမှဲ့လေးပါဒေါသတကြီးတုန်ယင်လာသလို...။
"ဘယ်နေရာမှကလေးနဲ့တူမနေဘူး
တစ်ကိုယ်လုံးဆန်းစစ်ကြည့်လို့ရတယ်"ဆေးရုံအင်္ကျီတွေအားလည်ပင်းကနေဆုပ်ကိုင်လာကာ ပြောသောစကားတို့သည်
စပ်ဖျင်းဖျင်းဖြစ်သွားနိုင်ပေမယ့်
Park Jimin ကတော့ပြုံးသွားသည်။"နောက်မှဆန်းစစ်ပေးမယ် ခုတော့ခြေထောက်ကျိုးနေတယ် စိတ်မပါဘူး"
ပြောရဲတာက Park Jiminမို့လို့...
အပြိုင်အဆိုင်ပြန်ပြောနိုင်သောခပ်ဆိုးဆိုးနှုတ်ခမ်းတွေကိုသူပိုင်ဆိုင်ထားသည်။
ရှက်ပြီးနီမြန်းသွားမယ့်အထဲပင့်ကူနက်လေးကဘယ်တော့မှပါမယ့်ကာရိုက်တာမျိုးမဟုတ်...