ယောင်းသေဆုံးသွားပြီတဲ့...။
မဖြစ်နိုင်လိုက်တာ။သူအိမ်မက်တွေမှာ သူ့နှလုံးသားတွေမှာ ယောင်းငိုသံတွေဟာ ညတိုင်းကြားနေကျလေ။ မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ပါဘူး။သွေးတွေပြောင်းပြန်စီးတာကမှခံသာဦးမယ်။
သူ့ဘဝထဲကဘယ်နှစ်ယောက်တောင်သေခြင်းတရားနဲ့ထွက်သွားနေကြတာလဲ...။
တင်းကျပ်သွားသောရင်ကို လျစ်လျူရှုကာ လက်သီးတို့ပိုဆုပ်မိလိုက်သည်။"ငါယုံမယ်ထင်နေလား Jeon Jungkook!
ခုချက်ချင်းယောင်းကိုသာထုတ်ပေး"သွေးတွေပူလာပေမယ့် အတက်နိုင်ဆုံးအေးစက်ချင်ယောင်ဆောင်ထားသော ခပ်ဆိုးဆိုးအကျင့်စရိုက်လေးအား ပိုင်ဆိုင်ထားပါသောကြောင့် Park Jimin ကအလဲထိုးဖို့မလွယ်...။
"Kim.... Tae....Hyung... သေသွားပြီလို့
ဟက် ခင်ဗျားရဲ့ ချစ်လှစွာသော ချစ်ရသူလေးကသနားဖို့တော့ကောင်းရှာပါတယ်။နောက်ဆုံးထွက်သက်မှာနှုတ်ဆက်ချိန်တောင်မရလိုက်ဘူး"မူပိုင် ခနဲ့တဲ့တဲ့မျက်ဝန်းများအားခဏငှားသုံးကာ သွေးရူးသွေးတန်းဖြစ်နေတဲ့လူအားတုံ့ပြန်လိုက်တယ်။ဘယ်လောက်တောင် အမှုန့်ကြိတ်ချင်နေလိုက်မလဲ...။အရသာတွေရှိလိုက်တာ အဆိုးအဆာရယ်...။
"ဘယ်သူ့ကြောင့်လဲရောသိလား ခင်ဗျားကြောင့်..."
ကိုယ့်ကိုကိုင်းကာ မေးဖျားလေးအား ကိုင်ပြီးအစွမ်းကုန် ပြုံးပြတဲ့နှုတ်ခမ်းပါးများသည် အထူးမုန်းစရာ...။သူသိတဲ့နှုတ်ခမ်းပါးများဟာ ဒီလိုမရက်စက်တတ်ဘူး။
"မဟုတ်ဘူး။မင်းလိမ်နေတာ ငါမယုံဘူး။ယောင်းရှိနေသေးတယ်။သေချာပေါက်ယောင်းရှိနေပါသေးတယ်"
ညတိုင်းကြားနေရတဲ့ခေါ်သံတွေအား သက်သေပြုပြလိုက်ချင်ပေမယ့် ဘယ်သူမှမကြားနိုင်ဘူးလို့တွေးမိတဲ့အခါ ပို၍သွေးလန့်လာသည်။ ယောင်းတကယ်ပဲ...။
"ခင်ဗျား သူ့ကိုကားတင်ပြေးတဲ့ညကပဲ သူဆုံးသွားခဲ့တာ အရာအားလုံးခင်ဗျားရဲ့တစ်ဇွတ်ထိုးဆန်မှုတွေ အတ္တတွေကြောင့် ..."
"မဟုတ်ဘူးးးးး မဟုတ်ဘူးးးး"
အာခေါင်ခြစ်အော်ကာ အသည်းအသန်ငြင်းဆန်နေသောသူ။ Park Jimin လိုလူသွေးပျက်နေတာကိုမြင်ရတာ သိပ်ကိုခပ်ရှားရှား....။ ကိုကိုကအရင်လိုမဟုတ်တော့ဘူး။ချစ်တတ်နေပြီလို့ Jungyeonပြောခဲ့တုံးကမယုံခဲ့..။ မျက်မြင်တွေ့လိုက်ရမှ တစ်လောကလုံးကိုဟားတိုက်ပစ်ချင်လာသည်။