Ep-21🕷

1.5K 166 71
                                    

ဆိုးသွမ်းခြင်းငယ်...။
တခြားတစ်ယောက်ဆီကိုများ ကိုယ်သိပ်ကြိုက်ဖူးတဲ့ နှုတ်ခမ်းထူထူတွေကို ဝေငှနေအုံးမလား။သေချာပေါက်မင်းက ဆိုးသွမ်းနေအုံးမှာပဲ။

သစ္စာဆိုတာဘာမှန်းမသိ။ မေတ္တာတွေဆိုလည်းနားမလည်။ အရှုံးပေးဒူးထောက်ချစ်ခဲ့တာကိုတောင် ခြေထောက်တွေသေတော့ထားပစ်ရက်ခဲ့တယ်။ထွက်သက်ဝင်သက်တိုင်း မင်းကိုသတိရနေမိတဲ့စိတ်တွေကို သိပ်မုန်းတယ်။မင်းကိုလည်းသိပ်မုန်းတယ်။ သိပ်မုန်းမိလွန်းလို့သေပစ်လိုက်ချင်တော့တာပဲ။

ထယ်လိမ်ညာနေတာမျိုးမဟုတ်။ ထယ်တူးခါးနေအောင် မုန်းသွားခဲ့တာ။ ရက်စက်သွားသူကို ချေမွပစ်လိုက်ချင်စိတ်တွေသာရှိတော့သည်။မဟုတ်ရင် သူ့ကိုမုန်းတဲ့စိတ်နဲ့တမြေ့မြေ့လောင် ကျွမ်းနေလို့ ဒီတစ်သက်သူလွတ်လွတ်ကင်းကင်းပျော်နိုင်မှာမဟုတ်။Park Jimin စိတ်ဆင်းရဲနေရမှာ ဖြစ်မှာ။Park Jimin နာကျင်နေမှကျေနပ်မှာ။Park Jimin ခံစားရမှာသူ့ဝဋ်ကြွေးတွေကြေမှာ။

ဒါဟာတစ်လောကလုံးအတွက် မှားယွင်းနေမယ်ဆိုရင်တောင် ထယ့်အတွက်မှန်ကန်တဲ့ ဖြေဆေးပဲ။

"ထယ်လေး"

အကိုဟာ သူ့ဟာ ကိုရီးယားတောင်တန်းတွေကနေ ဆွစ်ဇလန်တောင်တန်းတွေအထိ ချီပိုးထားတုံးမှာပဲ။ ဒီလောက်အဖိုးတန် မေတ္တာတရားတွေကို မျက်ကွယ်ပြုပြီး အရူးလို ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်အားမရဖြစ်လွန်းလို့ ဓားတွေနဲ့ပဲ ဆက်တိုက်ထိုးလိုက်ချင်တော့တယ်။

အချိန်တွေသာနောက်ပြန်လှည့်လို့ရရင် လူရှုပ်လူပွေအစား မျက်မှန်ထူထူနှင့်ဒီလူရိုး လူအေးကြီးကိုပဲရွေးချယ်လိုက်ချင်ပါရဲ့။

"အေးတယ်လေ ထယ့်ကို လေစိမ်းတွေထိတာ အကိုမကြိုက်ဘူး"

ထယ့်ပခုံးတွေအပေါ်နွေးထွေးစွာရောက်လာသော အနွေးထည်အညိုရောင်ပိုင်ရှင်လေး အကို။မော့ကြည့်ရတာငြောင်းလောက်အောင် မြင့်မားသောအရပ်၊ ထက်မြက်ရိုးသားသော မျက်ဝန်းတွေ၊ နှုတ်ခမ်းထူထူနှင့် အလှဆုံးသော ပါးချိုင့်များ ကူညီအားဖြည့်ရာ အပြုံးများ  ၊ခန့်ညားသောရင်အုပ်ကျယ်ကြီးနှင့် နွေးနွေးထွေးထွေးလက်ချောင်းရှည်ကြီးများ ထိုသို့ရုပ်ရည်ပြည့်စုံရုံသာမက  ဖြူစင်လွန်းသော စိတ်နှလုံးသားပါရှိသည်။ဒေါသထွက်တာ ရှားလွန်းလှ၍ လူရောဟုတ်ရဲ့လား လို့တစ်ခါတစ်လေ ထယ်ဟာအတွေးတွေမှောက်တက်ပါသေးတယ်။

... ကုဋေကုဋာအဆိုး...Where stories live. Discover now