အမြွှာတွေကများသောအားဖြင့်ခံစားချက်ခြင်းတူညီကြတယ် ကျွန်တော်ကတော့မတူချင်ဘူး ကိုကိုရယ်...။
ချစ်ရင်ကိုယ်သဘောကျတဲ့ပုံစံကိုလုပ်ယူနေစရာမလိုဘူး သူဘယ်လိုနေနေသဘောကျနေရမှာမဟုတ်လား...
ကျွန်တော်သဘောကျခဲ့တာအတိတ်ကကိုကိုပဲထင်ပါတယ်ပြည့်ပြည့်ဖောင်းဖောင်းချစ်စရာနှုတ်ခမ်းလေးတွေနဲ့ ဖြူစင်လွန်းပါသောကျွန်တော်တို့၏ကိုကို့ ကိုပြန်လိုချင်ပါသေးတယ်
ဖြစ်နိုင်ရင်ပေါ့လေ...အိမ်မောကျနေသော မျက်နှာလေးကတော့
ငယ်ဘဝ၏ပုံရိပ်တွေနဲ့မခြားမနားမို့
သူငေးနေမိလျှက်သား...။"အားအားယားယားငါ့မျက်နှာကိုထိုင်ကြည့်နေရတာပျော်ရဲ့လား"
ဂျစ်ဂျစ်ကန်ကန်လေသံငယ်တွေ
သိပ်တော့လည်းမစိမ်းလှပါ
ကိုကို့ကိုနူးနူးညံ့ညံ့စကားလုံးတွေဘယ်လိုသင်ပေးရမလဲ...အိပ်နေရာက နိုးလာပြီး စိုက်ငေးနေသော
မျက်ဝန်းဝိုင်းနဲ့ဆုံမိသော်ငြား
ဘာမှမဖြစ်သလို နေနိုင်သူဟာ
ဒီအဆိုးအပေလေးပဲရှိနိုင်မည်"ကိုကို"
"ဘာလဲကွာ "
"ကျွန်တော်ပညာသင်သွားရင်ကောင်းမလားလို့"
"ဘာအရူးထပြန်တာလဲ"
မျက်ဝန်းကျဥ်းတွေကအိပ်ယာထကစမို့
မကြည်လင်တာလား...ကျွန်တော့်စကားကြောင့်မို့ မကြည်လင်တာလားမသိ...
ထိုးထိုးထောင်ထောင်ထထိုင်ကာ
စီးကရက်တွေယူပြီး ဖွာသည်
ကျွန်တော်မကြိုက်တာအဲ့တာတွေ...။"အစကတော့ဟုတ်တယ်
ဒါပေမယ့် ကျွန်တော်ပန်းပုနဲ့ပတ်သတ်ပြီး
scholarship လျှောက်မိလိုက်တာ
တကယ်ရသွားတယ် ""အဲ့တော့..."
"ကျွန်တော်ပန်းပုပညာကိုဘယ်လောက်ဝါသနာပါတယ်ဆိုတာကိုကိုသိတယ်မှတ်လား"
"အင်း"
"အဲ့ဒါကျွန်တော်သွားရင်ကောင်းမလားလို့"
"သွားလေ ငါ့သောက်လုပ်လည်းမဟုတ်ဘူး"
ဖွာထုတ်လိုက်သောအငွေ့တွေထဲ
JeonJungkookတစ်ယောက်ပါသွားမလားလို့တောင်ထင်မိပြန်သည်
သံယောဇဥ်တစ်မျှင်လေးတောင်ကိုကို့ဆီမှာ
မရှိ မတားရင်တောင်နည်းနည်းစိတ်မကောင်းဖြစ်သင့်တယ်မဟုတ်လား...။