ဖြူစင်သောနှလုံးသာရပ်ဝန်းတွေ
တစ်ထောင့်တစ်နေရာမှာရှိခဲ့တယ်ဆို
ယုံကြမလား...ကိုကိုကလေလို့ အစချီလိုက်တာနဲ့
အရုပ်လေးလို အပိုင်သိမ်းပွေ့ချီထားလိုက်ချင်သောစိတ်တွေသည်သိပ်ကိုရိုးရှင်းခဲ့တယ်နှလုံးသား၏ဖြစ်တည်မှုတွေသည်
ထိုသို့ထို့သို့ အတိတ်ကပုံရိပ်ငယ်အား
လွမ်းလွမ်းဆွေးဆွေးတမ်းတနေတတ်တာာမျိုး...။"ကူးငယ် ဘာအရုပ်လေးလုပ်နေတာလဲ"
ရင်ထဲလိပ်ပြာလေးတွေပျံဝဲသွားသလို
သိမ်မွေ့နူးညံ့တဲ့ကိုကို့စကားပြောသံတွေဟာ
နားထဲ သိပ်ချိုသာလွန်းလှသည်"ကိုကို့ရုပ်လေးလေ မတူဘူးလား"
ဂျုံလေးတွေနဲ့ အဝါရောင်လူပုံစံရုပ်လေး
ကိုကိုနဲ့သိပ်မတူခဲ့သော်ငြား
တော်တယ်လို့ ကိုကိုက ချီးကျူးခဲ့သေးတာ
ကလေးလေးဆိုပေမယ့်ကိုကို့သွင်ပြင်ကိုပုံဖော်ရတိုင်း ကျွန်တော့်ရူးရူးသွပ်သွပ်ပဲ"ကူးငယ် က ချစ်ဖို့ကောင်းလိုက်တာကွာ
ကိုကို့ကိုနမ်းပါအုံး Banana milk ဝယ်တိုက်မယ်လေ"Banana milk ဆိုကမ္ဘာကြီးတစ်ခုလုံးနဲ့
လဲရဲတဲ့သူ့အား မက်လုံးပေးကာ
ပါးဖောင်းဖောင်းလေးတွေအား
ကိိုကို့ကချော့ချော့မြူမြူနမ်းခိုင်းခဲ့တဲ့အချိန်သိပ်ကိုမြန်ဆန်စွာကုန်လွန်းခဲ့တာပဲ
ကျွန်တော်ပြန်ငယ်ချင်လိုက်တာ...။ခုများတော့ဖြင့်
မောက်မာလွန်းသော Park Jimin
ဆိုးသွမ်းလွန်းသော Park Jimin
ဖျက်စီးပျက်စီးနေသော Park Jiminဟာဆိုးခြင်းဘာသာရပ်မှာ ပါမောက္ခဖြစ်လောက်အောင် ကျွမ်းကျင်လေတော့
ကြောက်ပါသည်Jungyeon ကတော့သူနဲ့မတူ
ကိုကိုဘယ်လောက်ဆိုးဆိုးသူဆက်ချစ်နေနိုင်သေးသည် သူ့နှလုံးသားကတော့ဒီလိုအဆိုးအဆာ၏လုပ်ရက်တိုင်းကိုခံနိုင်ရည်မရှိ ...
သူလက်ခံပေးနိုင်အောင်လည်းစိတ်ထားကောင်းမနေ Park Jimin၏
ရှုပ်ပွေမှုကိုကြားလာရလေလေ ပိုခါးသီးလာလေလေ....ယောင်္ကျားလေးတစ်ယောက်တွဲနေတယ်တဲ့
ကစားဖို့နယ်ပယ်တွေသိပ်ကျဥ်းနေလို့များလား... ဟက်