ပူလောင်နေအုံးမှာပဲ...။
ဘယ်လောက်ပဲထက်မြတ်တဲ့မိန်းမ
အသည်းမာတဲ့မိန်းမ ဖြစ်စေကာမူ
အက်ကွဲသောနှလုံးသားတွေကတော့တကယ့်အစစ်အမှန််ဖြစ်လို့ ခံစားရတာတော့အမှန်....။ အပြစ်တင်ကြလည်းလက်လျှော့ဖို့အစီအစဥ်မရှိ... ။Park Jimin ကိုလည်းအရှုံးမခံနိုင်ပါ။"Park Jimin နင်လက်ခံလိုက်တာလား
ဘယ်လိုဖြစ်ရတာလဲ!"သူ့ကို ယောင်းနဲ့ထွက်သွားလို့ရအောင်ကူညီပေးတဲ့နေ့ထဲက မာမီ့ကိုကြောက်ပြီး ကနေဒါမှာသွားရှောင်နေသော Han Nara သည်
လက်ထပ်ပွဲအကြောင်းသတင်းစာထဲပါလာမှ
တကူးတကလေယာဥ်စီးပြီး
အသည်းအသန်ပြဿနာလာရှာသည်။
သိပ်ကြိုက်ခဲ့သောအနီရောင်တွေကသူမနဲ့တွေ့ရင်မျက်စိရှုပ်စရာဖြစ်ဖြစ်သွားတာ မင်္ဂလာပွဲအတွက်အနက်ရွေးတာမှန်သွားတာပဲ...။အပေါ်ထပ်Leather jacket ကိုဆွဲချွတ်ပြီး
တွေ့တဲ့နေရာပစ်လိုက်ကာ အနက်ရောင်စွတ််ကျယ်တစ်ထည်တည်းနဲ့ ကျစ်လစ်သောကြွက်သားတွေအားအထင်းသားပြသထားသည်။ ဂျင်းပန့်အနက်လေးသည်လည်းခြေတံရှည်များနှင့်လိုက်ဖက်ညီလျှက်...။အော်ဟစ်ပြောနေသူက အဖက်မလုပ်ကာရေချိုးခန်းထဲဝင်သွားတော့ ဘယ်လောက်တောင်ဒေါသဖြစ်နေလဲမသိ...အခန်းထဲလိုက်ဝင်လာသည်။
"ငါရေချိုးတာကြည့်မလို့လားနင်က"
ထိုအခါမှ သတိရသွားတဲ့ပုံနဲ့ Han Naraမျက်နှာသည်ဖရဲသီးလိုနီနီမြန်းမြန်း...။
"အယုတ်တမာကောင် "
"နင်ယုတ်မာခံချင်ရင်တောင်
ငါကစိတ်မဝင်စားပါဘူး""ဘာ!"
သူမကဒေါသတကြီးထအော်လိုက်ပေမယ့်
ခပ်ယဲ့ယဲ့ပြုံးကာဘောင်းဘီအိတ်ထဲကမီးခြစ်အားထုတ်ရင်းဆေးလိပ်မီးညှိလိုက်သည်။
နှုတ်ခမ်းဝကဆေးလိပ်ငွေ့တွေအားမှုတ်ထုတ်ရင်းဆွဲဆွဲငင်ငင်စိုက်ကြည့်လာတာမို့
Han Naraပင်အနည်းငယ်ရှက်သွားရသည်။
Park Jimin ကအမြဲတမ်းပေါ့ပေါ့တန်တန်...။ဒီလိုလှည့်ဖျားမှုမျက်ဝန်းခပ်ကျဥ်းကျဥ်းတွေနဲ့ ဘယ်နှစ်ယောက်ကိုများချောက်နက်ထဲကျအောင်လုပ်နေလဲမသိ....။