သူ့ဘဝ သူ့ဒဏ်ရာတွေကို နားမလည်တတ်ခဲ့တာမဟုတ်ပေမယ့် ဒေါသအရှိန်တွေဟာ မထိန်းနိုင်ခဲ့။ ဒီလိုလေးဖြစ်သွားတော့လည်း သိပ်လည်းစိတ်မကောင်းလှပါ။ မနက်စာစားပြီးတည်းက ငြိမ်သက်စွာ Jimin ဟာ ဆိုဖာပေါ်ထိုင်နေကာ Jungkook ခွဲကျွေးထားသော သစ်သီးတွေအား ဝါးနေ၏။ သမီးဟာလည်း သူ့ဘေးနာမှာ ချပေးထားတာမို့ သူ့အဖေလုပ်သမျှကို လှုပ်စိလှုပ်စိလိုက်ကြည့်နေသည်။
ပုံမှန်ဆို တမင်ကျုံ့ထားတတ်တဲ့ မျက်ခုံးတွေဟာ ပြေလျှော့နေတာ ထူးထူးဆန်းဆန်း။ မျက်ဝန်းစူးစူးရဲရဲမဟုတ်တော့ဘဲ မျက်ပေတုံးလေးတွေက မပွင့်တပွင့်မို့ ချစ်စရာလည်း ကောင်းပြန်သည်။ ခနဲ့တဲ့တဲ့အပြုံးတွေမဟုတ်ဘဲ ကြည်ကြည်လင်လင်အပြုံးတွေကို မြင်ရပြန်တော့လည်းမနေတတ်လိုက်တာ။
ရက်ရက်စက်စက်သမားလေး ညိုးမှိန်နေတာကို မကြည့်ရက်တဲ့ သူ၏စိတ်အစဥ်ကလည်း ထူးဆန်းတာထက် ထူးဆန်းပေသည်။
"အဲ"
ကလေးက အနက်ရောင်ရှပ်အင်္ကျီစတွေအားစတင်သွားဆွဲကာငိုတော့ Jimin က မလှုပ်မရပ်လေး ခပ်ငေးငေးပဲ။ ချော့မြူတတ်တဲ့အလေ့အကျင့်မျိုး ဒီဘက်Jimin မှာလည်းရှိပုံမရဘူး။
"နို့ဆာလို့ထင်တယ်။ ခဏလေးကြည့်ပေး"
"ငါမကြည့်တတ်ဘူး"
"ဒီလိုလေး၊ ဒီလိုလေးပဲချီထားပေး"
ကလေးအား ဂျိုင်းကနေ နူးညံ့စွာချီမကာ Jimin ပေါင်ပေါ်ထိုင်ခိုင်းလိုက်တယ်။ထူးဆန်းစွာ သမီးဖြစ်သူဟာ သူအဖေပေါ်ရောက်တော့ စူးရဲစွာငိုနေရာက ငြိမ်ကြသွား၏။ သူလည်းJiminအား လက်ဖဝါးနှစ်ဖက်ကနေ ကလေးလေးကို သေချာတော့ ကိုင်ခိုင်းထားလိုက်သည်။
အမေမှာတဲ့အတိုင်း စနစ်တကျ နို့ဘူးအလျင်အမြန်ဖျော်ကာ သမီးလေးကိုပေးလိုက်သည်။ ချစ်စရာမျက်ဝန်းဝိုင်းဝိုင်းလေးများသည် ငြိမ်သက်နေကာ Jimin နှုတ်ခမ်းတွေဆီမှာသာ ရပ်တန့်နေသည်။ ဖူးကြွနေတဲ့နှုတ်ခမ်းဖူးဖူးလေးတွေက ကလေးတစ်ယောက်အတွက်တောင် စိတ်ဝင်စားစရာကောင်းနေလို့များလား...။
"သမီးကိုပေး"
"နေပါအုံး ငါခဏလေးချီကြည့်ချင်သေးတယ်"