Ep-9🕷

1.4K 224 159
                                    

တစ်ချို့ချစ်မိခြင်းတွေသည် ငရဲဘုံလို...

နွေလိုလောင်မြိုက်သောသဘောတရားတွေသည် ချစ်ခြင်းတွေမှာခိုလုံလျှက်

မှားယွင်းပြီးရင်းမှားယွင်းလာကြသည်။
××××××××××××××××××××××××××××××××

ခြေ ချိတ်ထိုင်ထားတာကြောင့်
စကပ်နီလေးနဲ့ ပေါင်တံသွယ်သွယ်သည်
ဝင်းဝင်းပပ အနီရဲရဲ နဲ့ ဖြစ်တည်မှုနဲ့
မိန်းမလှလေးသည် စွဲစွဲညို့ညို့ရယ်....။

ဆံနွယ်နီညိုခွေခွေလိမ်လိမ်တွေအား
လက်ညိုးလေးနဲ့ကစားရင်း
ခပ်လှလှစင်ရော်တောင်မျက်ခုံးများအား
စိတ်ရှုပ်စွာအစွမ်းကုန် တွန့်ချိုးထားသည်

"Daddy ကလဲ Nara လည်းတက်နိုင်သလောက် Jungkookနားကပ်နေတာပဲ
ဒီကောင်လေးကိုက ချစ်ဖို့ကောင်းအောင်
ရှောင်ရှောင်သွားတာ"

"ဘာအကြောင်းပြချက်မကြားချင်ဘူး
ရအောင်လုပ်စမ်းပါ ပညာတွေတက်ပြီး..."

"ပညာသင်တာ ယောင်္ကျားတွေကိုမြူဆွယ်ဖို့မှမဟုတ်တာ Daddy လွန်တယ်မထင်ဖူးလား"

တစ်ခါတစ်လေမိဘဆိုတိုင်းချုပ်ကိုင်ခြယ်လှယ်နေခြင်းသည် စိတ်ပျက်စရာ...
Nara ကလွတ်လပ်စွာ Jungkookကိုချစ်ချင်နေရုံ Park Jimin ကစားရာကျော့ကွင်းထဲ
ဝင်ရောက်သွားမှာ ကြောက်စရာမလိုသော
ဒီအချိန်ကာလများတော့အေးအေးဆေးဆေးနေချင်သည်။

Jungkook ကလည်းသူမကိုကောင်းကောင်းဆက်ဆံတာမဟုတ်ဘူး
တစ်ခါတစ်လေတောင်မာနတွေထိခိုက်လွန်းလို့ဝဲပလိုက်ချင်သည်

မိန်းမတစ်ယောက်ဖြစ်ပြီး
အပူတပြင်းလိုက်ကပ်နေရတာလည်း
ရှက်စရာပဲလေ ...

"လွန်တယ် မလွန်ဘူးနောက်ထား
ငါ့ကိုသိန်းတစ်ရာလောက်လွှဲပေးအုံး"

"လိုရင် Park Jimin အမေဆီမှာတောင်းရမှာလေ ဘာလို့Nara ကိုအပူကပ်နေရတာလဲ"

"Jimin အမေက ထင်သလောက်မလွယ််မှန်းနင်သိပါတယ်လွယ်လွယ်နဲ့ရမှာမဟုတ်ဘူး
အကုန်လုံးသူ့သားဆီပဲရောက်နေမှာ
ဒါကြောင့် Jungkookကိုကပ်ဖို့ပြောနေတာ"

"ရှုပ်လိုက်တာအရမ်းပဲ"

"မဟုတ်ရင်လည်းPark Jiminကိုပဲ
ရအောင်ယူ"

... ကုဋေကုဋာအဆိုး...Where stories live. Discover now