Ep-20🕷

1.4K 196 91
                                    

ဘဝတစ်ခုကို ပင့်ကူမျှင်တစ်မျှင်လောက်တောင် စိတ်မဝင်စားခဲ့...။

ရစ်ပတ်တတ်တဲ့သဘောရှိတဲ့ ပင့်ကူအိမ်တွေကိုတော့ အဆိုးလေးသတိမထားရှိခဲ့ဘူး။ ရမ်းကားမှု၏ ရလဒ်တွေဟာ မလှပပေမယ့် အဆုံးသတ်ဆိုးဝါးခြင်းတွေကိုလည်း သူကစွဲလမ်းနေခဲ့တယ်။

မှားယွင်းမှုများစွာနှင့် ဆိုးဝါးသထက်ဆိုးဝါနေလည်း ဝီစကီတစ်ခွက်နဲ့ ဆိုးပေနိုင်တုံး။

"မောင် မရှိတော့ဘူးဆိုတာ ခုထိငါလက်မခံနိုင်သေးဘူး "

သူစိတ်တွေလေးလံနေတယ်။ မောင်ဟာညတိုင်းအိမ်မက်တွေထဲ ငိုယိုနေတယ်။တစ်ခါတစ်လေ ငိုယိုနေရင်းမှ ဓားနဲ့ထိုးတယ်။အချက်ပေါင်းများစွာ နေရာပေါင်းများစွာဒဏ်ရာဒဏ်ချက်အပြည့်...။

မောင်ကသူ့ကိုငြိုးသွားပြီလား...ဆိုတဲ့ ရူးကြောင်ကြောင်ခံစားမှုဟာ ဘယ်သူ့ကိုမပြသခဲ့ပေမယ့် သူ့စိတ်ထဲထိတ်လန့်နေမှုတွေဟာ ကုဋေကုဋာပဲ...။

တစ်ဖက်ကပြင်းပြစွာ မုန်းလွန်းပြီး တစ်ဖက်ကတမ်းတလွန်းနေတဲ့အခါ ဒီလိုသဘာဝလွန်စွမ်းအင်တွေဖြစ်တည်တတ်သည်။

သိပ်ဆန်းကြယ်သလောက် သိပ်ကြောက်ဖို့ကောင်းတာမျိုး....။

Jimin ဒီအတောအတွင်းဖြစ်ပျက်ခဲ့သမျှကို ရင်ဖွင့်တဲ့အခါ အနည်းငယ်တော့အံ့သြမိသည်။ jungkookက လူတစ်ယောက်လုံးဆုံးပါးတဲ့ကိစ္စကို ဖုံးကွယ်လိမ်လည်ပြီး ဒီအဆိုးကောင်ကိုအပိုင်သိမ်းသတဲ့လား...။စျာပနလည်းမရှိခဲ့သလို သတင်းလည်းမကြားမိ။ပိပိရိရိတကယ်ပဲ ဖုံးပစ်လိုက်နိုင်တာလား။ ဒါပေမယ့် တစ်ချို့နေရာတွေကအချက်အလက် မပြည့်စုံဘူး။နည်းနည်းဟာနေသလိုပဲ...။

Jimin ဆက်ပြောနေတဲ့ Taehyung အကြောင်းတွေဟာ နားထဲမဆန့်...။တွဲသမျှထဲ အရှည်ကြာဆုံး relationship ဖြစ်ခဲ့တဲ့သူက ဒီလိုသူ့ကြောင့် ဖြစ်သွားတယ်ဆိုတော့လဲ ဘယ်ဖြေသိမ့်နိုင်ပါ့မလဲ..။အနည်းနဲ့အများ psycho ကတော့ဝင်မှာပဲ။သူကိုယ်တိုင်လည်းဘယ်လိုဖြေဖျောက်ပေးရမလဲ မသိ၊နားမလည်တော့ခက်သည်။

"ငါနည်းနည်းတော့သတိထားမိပါတယ် ။ထယ့်အပေါ်မင်းတခြားသူတွေနဲ့ ဆက်ဆံတာမတူခဲ့ဘူး"

... ကုဋေကုဋာအဆိုး...Where stories live. Discover now