(Unicode)
လူကုံထံအသိုင်းဝိုင်းတို့ရဲ့ခိုလှုံနားခိုရာ အိမ်ဝင်းတွင်း....။
ပေလေးဆယ် ပေခြောက်ဆယ်မက ကျယ်ပြောလှကာ တစ်အိမ်နဲ့တစ်အိမ်အကွာဝေးကလဲbusကားတစ်မှတ်တိုင်စာ စီခြားလျက်....။
ရာသီဥတုအနေနဲ့အတော်လေးအခြေနေကောင်းမွန်နေသော်လည်း ပူလောင်ခြင်းများအငွေ့တလူလူပျံနေသော အိမ်လေးကတော့ ဂျွန်စံအိမ်တော်...။
"ငါဆက်သည်းမခံနိုင်တော့ဘူး!!မင်းနဲ့ကွာရှင်းချင်လာပြီ ဂျွန်ဂျောင်ကု"
"ဟား..ငါကိုယ်တိုင်ကရောမင်းနဲ့အရမ်းပေါင်းချင်နေတယ်ထင်တာလား ကင်မ်ထယ်ယောင်း!!"
"ကောင်းတာပေါ့ သိပ်ကိုကောင်းတာပေါ့!!အခုချက်ချင်းပဲကွာရှင်းကြမယ်"
ယောကျာ်းမိန်းမ သဘာဝမဟုတ်တဲ့ယောကျာ်းနှစ်ဦးရဲ့အိမ်ထောင်ရေးခြေနေက ဖော့ဖယောင်းလိုနူးညံ့ခြင်းက ဝေးလေစွ။
မေတ္တာသက်ဝင်ခြင်းဆိုတာ ဘာလဲဟုမေးရလောက်အောင်ပင်နှစ်ယောက်ကြားမှာဗလာနတ္တိ။"သားနဲ့ ငါ အိမ်ပေါ်ကဆင်းမယ်။မင်းလိုလူနဲ့တစ်ညတောင်မနေချင်တော့ဘူး။ကျန်တာကိုရှေ့နေနဲ့ဆက်ဆွေးနွေးကြတာပေါ့"
"...."
ဘာတုံ့ပြန်စကားမှမကြားရပဲ စူးရဲသောအကြည့်နဲ့သာ ကြည့်နေသော ဂျွန်ဂျောင်ကုအားတွန်းတိုက်ကာ လှေကားထပ်မှာ မျက်လုံးခပ်ကြီးကြီးများနဲ့နားမလည်စွာ ကြောင်ကြည့်နေသော နှစ် နှစ်ခွဲ သားလေး ဂျွန်ယောင်း ကို ထယ်ယောင်းမချီလိုက်သည်။ထိုနောက် မိမိအခန်းထဲက ပစ္စည်းတစ်ချို့ကိုသိမ်းဆည်းပြီး သားငယ်ကိုလုံလုံခြုံခြုံ ဝတ်ပေးရင်းကြည့်မိတော့မြင်လိုက်ရတဲ့သားလေးမျက်နှာ။
သူ့သွေးသားရင်းမလို့သာချစ်မြတ်နိုးပေမဲ့ ထိုအကောင်ရဲ့မျက်လုံးကြီးကြီးနဲ့နှာခေါင်းပွလုံးလုံးကိုပိုင်ဆိုင်ထားတဲ့သားငယ်ကိုတစ်ခါတစ်ရံမြင်ပြင်းကတ်မိသည်။
ဘာလို့အဲ့ကျက်သတုံးနဲ့တူနေရတာလဲ!!
စိတ်ထဲကနေပျစ်ပျစ်နှစ်နှစ်ဆဲလိုက်ပြီးနောက်မှာတော့ကလေးကိုချီကာပင် အောက်ဆင်းလာတော့ လက်ပိုက်ကာပင်သူတို့ကိုမော့ကြည့်နေသော ဒင်း။