(Unicode)
ဒီနေ့က ပိတ်ရက်...။
ထယ်ယောင်းရော ဂျောင်ကုရောအလုပ်နားတာမလို့ ဒီနေ့တစ်နေကုန် ယောင်းယောင်းလေးကို အချိန်ပေးဖို့တိုင်ပင်ထားကြသည်။
ယောင်းယောင်းလေးကတော့ ပျော်မဆုံးပေါ့...တီလေးနဲ့မာမီတို့လဲ တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ကာ ဒီတစ်ခါတော့ မနှောင့်ယှက်ဖို့ဆုံးဖြတ်လိုက်သည်။
ဒါပေမဲ့ နှောင့်ယှက်ဖို့အရာက ရှိစမြဲပေါ့....။
စင်ဝင်အောက်ထဲ ကားတစ်စီးဝင်လာကာ ထိုပေါ်က ဆင်းလာခဲ့သော ဂျွန်ဝမ်း။
အပြင်သွားဖို့အဆင်သင့်ဖြစ်နေသော ဂျောင်ကုတို့သုံးယောက်အံ့ဩသွားခဲ့သည်။
"လီဂျွန်ဝမ်း"
"ဟီး ဂျွန်"
ပါးချိုင့်နှစ်ဖက်အားထင်းကာပြုံးပြလာသောဂျွန်ဝမ်းရုပ်က ထယ်ယောင်းမျက်လုံးတွင်တော့ အဆင်းလှဟန်ဆောင်ထားတဲ့သရဲသဘက်လိုပင်။
"သား ဘယ်သူလဲ ဧည့်သည်က"
"မင်္ဂလာပါ အန်တီနဲ့အန်ကယ် ကျွန်တော့် နာမည် လီဂျွန်ဝမ်းပါ..."
"ကျွန်တော်လက်တွဲနေတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီက အလုပ်ရှင်သားပါ"
ဂျောင်ကု ဖေဖေက မေးပြီးတာနဲ့ခေါင်းတဆတ်ဆတ်ငြိမ့်ကာပဲ အကဲခက်နေဟန်။
"သားက ဘာကိစ္စရှိလို့လဲ...အိမ်အထိလိုက်လာတယ်ဆိုတော့လေ"
"ဪ ဂျွန့်ကိုဖုန်းဆက်တာ မကိုင်လို့ အဲ့ဒါ အိမ်လိုက်လာပြီး ဆောက်လုပ်ရေးဝင်းထဲလိုက်ပြမလို့ လိုက်မယ်မလား ဂျွန်"
မျှော်လင့်စောင့်စားနေသလို အရည်တလဲ့လဲ့မျက်လုံးနဲ့ဂျောင်ကုကိုလှမ်းကြည့်လာသည်မလို့ ထယ်ယောင်း ကြံမိကြံရာ ဂျောင်ကုလက်မောင်းအားဆွဲဖက်လိုက်သည်။
"ဂျောင်ကု မင်းလိုက်သွားမှာလား"
နှုတ်ခမ်းလေးမဲ့ကာ သူ့ထက်အရည်လေးပိုဝဲပြလိုက်တော့ ခေါင်းကိုကိုင်ကာ နှဖူးလာနမ်းသည်။
တဆိတ်!ဒင်း အရှက်မရှိဘူးလား!! လူရှေ့သူရှေ့မှာလေ....။
"ဂျွန်ဝမ်း ကို အားတော့နာတယ် ကိုယ်တို့အခုလေးတင်အပြင်သွားမလို့လေ"