TWO

26.6K 2.2K 305
                                        

(Unicode)

"အား တော်သေးတယ် သင်္ချာ noteတွေက ငါ့ကိုကယ်လို့"

သူငယ်ချင်းဖြစ်တဲ့ ဂျီအာရဲ့အသံကြောင့်သူနားမလည်သလိုမော့ကြည့်လိုက်တော့ သူ့အားပခုံးပုတ်ကာ။

"ငါ သင်္ချာအချိန်တွေ ပျက်ထားတာလေ..အဲ့ဒါ သင်္ချာမရလို့ အဲ့မေဂျာက ကင်မ်ထယ်ယောင်းကို အကူညီသွားတောင်းတာ နုတ်တွေထုတ်ပေးလိုက်တယ်။အခုသူထုတ်ပေးသလိုပဲတွက်လိုက်တာ All okသွားပြီ"

ဪ ဟုသာ ရေရွတ်ရင်းနောက်တစ်ဘာသာကိုကျက်မယ်လုပ်တော့ ဂျီအာရဲ့ အော်သံ။

"ထယ်ယောင်း!! ငါအခုပဲနင့်ဆီလာတော့မလို့ နင် noteထုတ်ပေးတဲ့အတိုင်းပဲကျင့်တာလေ ငါအခု သင်္ချာမှာ အမှတ်ပြည့်ရမယ်ထင်တယ်"

"ဟားဟား ဟုတ်ပါပြီ..နောက်လဲ အကူညီလိုရင်လာပြောလေ ငါကူညီမယ်"

"ကျေးဇူးပဲထယ်ယောင်း ‌နောက်မှ မုန့်ဝယ်ကျွေးမယ်နော်"

"အွန်း တာ့တာ"

ဩရှ ရှ အသံလေးက နားထောင်လို့ကောင်းတာမို့ ဆက်နားထောင်နေမိသည်။သူထိုင်နေပေမဲ့ သူ့ကိုမသိတာကြောင့် လှည့်တောင်မကြည့်သလို သူလဲ မော့မကြည့်မိ။ဒါပေမဲ့ဝေးကွာသွားသော ခြေသံတွေကြောင့်သူမော့ကြည့်မိတော့ လွယ်အိတ်တစ်ဖက်လွယ်ထားသော ကျောပြင်သာမြင်လိုက်ရသည်။

ဒါတွေက ဘာမှမဟုတ်ပေမဲ့လည်း..သူ့စိတ်ထဲကျေနပ်နေမိသလို...။

.....

အသိစိတ်ကြောင့် သူနိုးလာမိပေမဲ့လည်း မျက်လုံးတွေက မဖွင့်ချင်ဖွင့်ချင်။

အကြောအညောင်းတွေဆန့်လိုက်တော့ ဆစ်ခနဲဖြစ်သွားသော သူ့နောက်ပိုင်းတစ်နေရာ။ဒါတွေကိုအသာထားကာ ကုတင်အောက်ပိုင်းမှာ ပုံကျနေသော အင်္ကျီကိုကောက်ဝတ်လိုက်သည်။

ဘေးနားမှာ ဟိုတစ်ယောက်မရှိတော။သူ့အလုပ်ပြီးတာနဲ့ထွက်သွားပုံရသည်။ထွေထွေထူးထူးလဲ ရင်ခံစရာအကြောင်းမရှိတာကြောင့် နုံးချိနေသော ခန္ဓာကိုယ်ကို ရေစိမ်ဖို့ရေချိုးခန်းထဲသာဝင်လာခဲ့လိုက်သည်။

လန်းသွားပြီဆိုတော့မှ အောက်ထပ်ကိုဆင်းခဲ့တော့ သားငယ်နဲ့အတူတူ Iron Manကြည့်နေသော သူ။သူ့ကိုမြင်တာနဲ့တစ်ချက်သာကြည့်ကာ သားကိုပဲ ပြန်ဂရုစိုက်သွားတာကြောင့် သူ့နှုတ်ခမ်းများ အလိုလိုမဲ့လျက်သား။

10 months before divorceTempat cerita menjadi hidup. Temukan sekarang