(Unicode)
ထယ်ယောင်း သားသားနားနား ပြင်ဆင်ကာပင် မိမိကိုယ်ကို မိမိ မှန်ထဲကြည့်လိုက်သည်။ဒီနေ့က သူ့ရဲ့အလုပ်စဆင်းမဲ့နေ့။
"ဟူး...မင်းအကောင်းဆုံးလုပ်နိုင်ပါတယ်"
ကိုယ့်ကိုယ်ကိုယ် အားပေးပြီးအကောင်းဆုံးသပ်သပ်ရပ်ရပ်ပြင်ဆင်ကာပင် အခန်းပြင်ထွက်လာသော ဂျွန်ယောင်းအားချီကာ အခန်းရှေ့မှာစောင့်နေသော ဂျွန်ဂျောင်ကု။
"မန် မန် မန် "
ဗိုက်ဆာနေပုံရတဲ့သားငယ်ကို ထမင်းစားခန်းထဲမပို့ပဲ ရပ်နေတာ ဘယ်လိုတောင်နှလုံးသားမရှိတဲ့အဖေပါ့လိမ့်။
စိတ်ထဲကသာအပြစ်တင်လိုက်ပေမဲ့လည်း လက်တွေ့မှာတော့ ဘာမပြောပဲ ကလေးကို ချီမယ်လုပ်တော့ ကလေးကိုခေါ်ကာအရှေ့ကနေ ကော့တော့တော့ထွက်သွားတော့သည်။
ယောင်းယောင်းကိုချီထားလို့သာပေါ့ မဟုတ်ရင် ကန်ချတယ်။
စိတ်ထဲက ဖြစ်ချင်တာကိုစဉ်းစားလိုက်ပြီး ထမင်းစားခန်းထဲဝင်တော့ မနက်စာကအဆင်သင့်။
သားငယ်အတွက်အာဟာရဖြည့်စွက်စာရယ် သူတို့အတွက်ကတော့ ကင်မ်ချီထမင်းကြော်။
"ဒေါ် ဒေါ် ဒီနေ့ ယောင်းယောင်းကိုအပ်ပါတယ်..ကျွန်တော်အလုပ်ရပြီမလို့"
"ရပါတယ် ထယ်ယောင်းလေးရဲ့..ယောင်းယောင်းက လိမ္မာတယ် အဖွားနဲ့ နေခဲ့မယ်မလား ယောင်းယောင်း"
"နေ မယ်"
မပီကလာ ပီကလာအသံဖြင့် ချစ်ဖို့ကောင်းအောင်ပြောသော သားငယ်အား ဖြည့်စွက်စာကျွေးနေလိုက်သည်။ဂျောင်ကုကိုမသိမသာကြည့်မိတော့သူပြောသမျှကို နားမထောင်နေသလိုနေနေတာမို့ သူ တောင်မသိလိုက်ပဲနှုတ်ခမ်းဆူမိသွားသလို။သူ့ပုံစံက သူနဲ့ဘာမှမဆိုင်ဘူးပေါ့..အင်း ကင်မ်ထယ်ယောင်းကလဲအဲ့ဒါပဲကြိုက်တာ ကိုယ့်ဘဝနဲ့ကိုယ်ပေါ့လေ။
ထိုသို့သာဖြေသိမ့်ပေမဲ့ထယ်ယောင်းစိတ်ထဲမှာ ဘာနင် လို့နင်သွားရလဲမသိ။ထမင်းကြော်တောင် စားမဝင်တော့ချေ။
ဒါပေမဲ့လဲ တစ်လုပ် နှစ်လုပ်လောက်ကိုအတင်းမျိုချပြီး စားသောက်ကာ ပင် မိမိရဲ့ ပထမဆုံးအလုပ်ကို သွားဖို့ထွက်လာခဲ့တော့သည်။