(Unicode)
သားသားကိုသိပ်ပြီး ထယ်ယောင်းအံဆွဲထဲက ပစ္စည်းတစ်ခုယူကာ ဂျောင်ကုရှိတဲ့အခန်းဆီကိုရောက်လာခဲ့သည်။
တံခါးခေါက်ကာ အထဲဝင်လိုက်တော့ ကုတင်ပေါ်မှာ laptopတစ်လုံးနဲ့ဇယားရှုပ်နေသော ဂျောင်ကု။စာကြည့်မျက်မှန်အဝိုင်းဝတ်ထားတာကြောင့် မသိရင် သူ့ပုံစံက စာအရမ်းလုပ်တဲ့ ကျောင်းသားလိုပဲ ဆယ်ကျော်သက်အရွယ်ပုံပေါက်နေသည်။
ဟွန့် ပုံစံကိုက လေးလုံး မှန်ကြောင် ဖင်ပြောင် နှာဘူး ရုပ်နဲ့!!!!
Pajamasဝတ်ထားတာတောင် အင်္ကျီ ကြယ်သီး အပြည့်မတတ်ထားတာမို့ steakအရသာ နို့အုံကြီးကို အထင်းသားမြင်နေရပြန်သည်။
နေပါဦးသူ့ကြည့်ရင်း ငါကဘာလို့သရေကျလာရတာတုန်း??
စိတ်ထဲကနေသူတောင်မသိပဲမေးခွန်းထုတ်လိုက်ပေမဲ့ တကယ်လက်တွေ့မှာတော့ လက်ထဲက ပစ္စည်း ကို သူ့ရှေ့ထိုးပေးလိုက်သည်။
သူ့လက်ထဲက ပစ္စည်းကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့်လာတာမလို့ သူကပဲမနေနိုင်စွာ...
"ယူလေ မင်းအတွက်"
"ဘာကြီးလဲ"
"ဆေးလေ"
"ဘာဆေးလဲ??"
လက်ထဲက ဘူးကိုမယူပဲ အင်တာဗျူးတွေဇွတ်ဆင်းနေတဲ့ဂျွန်ဂျောင်ကု။အမေးထူလို့အမြင်ကတ်ပြီး သတ်ပစ်တဲ့ဇာတ်လမ်းများရှိလား..ဒင်းကိုပြချင်လို့။
"ဘာဆေးလဲ အလကားနေရင်း မင်းပေးတဲ့ဆေးမယူနိုင်ပါဘူး ကြွက်သတ်ဆေးဆိုဘယ်လိုလုပ်မလဲ"
"ဟားဟား ကြွက်သတ်ဆေးသာဆို မင်းကိုလာမပေးနေဘူး ငါကိုယ်တိုင်ထည့်ကျွေးမှာ ယူစမ်းပါကွာ ငါညောင်းလာပြီ"
"ဘာဆေးလဲ"
"ဝဲ ပျောက် ဆေး"
သူကသာ ပြောနေရင်း ဂျောင်ကုကတော့သူ့ကိုမှုန်တေတေကြည့်လာကာ ပါးစပ်မှလဲ တစ်လုံးချင်း....
"ငါ ဝဲမပေါက်ပါဘူး"
"ဒါဆို မင်းလေ ဗိုက်ယားလို့ဆိုပြီး ငါ့ ငါ့ နှုတ်ခမ်းကိုထိပြီး ကူးအောင်လုပ်နေတာ မလား အဲ့ အဲ့ဒါ ကရော"