(Unicode)
ပုံမှန်လိုနေ့ ပုံမှန်လိုအလွမ်း ပုံမှန်လိုမျှော်လင့်ချက်နဲ့ မောင့် အားမျှော်နေဆဲပင်။
အသစ်ထွက်တဲ့ မဂ္ဂဇင်းတွေကိုစာအုပ်စင်ပေါ်တင်နေတုန်းမှာပင် မျက်စိထောင့်ကနေမြင်လိုက်ရသောအရိပ်တစ်ခု။
ရင်းနှီးတာမလို့ထယ်ယောင်းချက်ချင်းဆိုသလိုလှည့်ကြည့်ကာ မျက်ရည်တွေစို့တက်လာရသည်။ဒါပေမဲ့ သူ့အသံကတော့ ခပ်မာမာပြတ်ပြတ်သာ။
"ထမင်းလုံးလေး.."
"မင်း ဘာလာလုပ်တာလဲ"
"မောင် တောင်းပန်ပါတယ် မောင်-"
"မလာနဲ့!! ရှေ့ဆက်မတိုးလာနဲ့!!"
သူ့ဆီလျှောက်လာကာတော်တော်ကြာပစ်ထားပြီးမှ ချွေးသိပ်စကားတွေနဲ့လာချော့နေသည်။သူ့အနေနဲ့ မောင့်ကိုအရမ်းလွမ်းတယ်ဆိုပေမဲ့ တကယ့်လက်တွေ့မောင့်ကိုတွေးတော့ စိတ်ဆိုးချင်တဲ့ ဗီဇက ပေါ်လာသည်။
"မောင့်ထမင်လုံးလေး မောင်တကယ်တောင်းပန်ပါတယ်"
"မလာနဲ့ မလာနဲ့လို့ဆိုနေ!!ငါက မင်းအတွက် ဝန်ပို သပ်သပ်ပဲ မလား!! မလာနဲ့!!"
လက်ထဲက စာအုပ်နဲ့ ပစ်ပေါက်လိုက်ချင်ပေမဲ့ မောင့်နှဖူးက ပတ်တီးတိပ် ကြောင့် စာရွက်တွေတစ်ရွက်ခြင်းဖြဲကာထယ်ယောင်း မောင့်အား ပစ်တော့သည်။စာအုပ်အထူကြီးနဲ့လဲမပစ်ရက်..မောင် နာမှာဆိုးသည်။
ဒါပေမဲ့ ထိုစက္ကူလုံးတွေက မောင့်အားဘာများလုပ်နိုင်မှာမလို့လဲ...။
သူ့အနားတဟုန်ချင်းရောက်လာပြီးဆွဲနမ်းပစ်သောမောင့်ကြောင့်ထယ်ယောင်းမှာ မောင့်နှုတ်ခမ်းတွေနဲ့ နီးကပ်သွားတော့သည်။
ဒီအနမ်း..ဒီထွေးပွေ့မှု...မောင့်ရဲ့ကိုယ်သင်းရနံ့..တွေ...။
သူလွမ်းနေသောအရာတွေရဲ့ မူပိုင်ရှင် မောင်ပေါ့...။
ထိကပ်လိုက်ပြီး သူ့ပါးအားဆွဲညစ်ကာ...။
"ဒီကမောင်က ကိုယ်ချော့ရမဲ့ တာဝန်ကို လစ်ဟင်းမိလို့ တောင်းပန်ပါတယ်...ဒီကမောင် ချော့ရင် အနားမှာ ကပ်တွယ်နေမဲ့ထမင်းလုံးလေးကို လျစ်လျူရှုမိလို့တောင်းပန်ပါတယ်....ဘယ်လိုအရာပဲဖြစ်ဖြစ် မောင့်ဘက်က မှားတာကြီးပဲမလို့ မောင် တောင်းပန်ပါတယ် မောင့်ထမင်းလုံးလေး..."