(Unicode)
အမိုးဖွင့်ထားသောကားကြောင့် တောင်ပြန်လေမှာ တဖြန်းဖြန်း တိုက်ခတ်နေသည်။
ပေါ့ပေါ့ပါးပါးအပျော့သား Shirtနဲ့ဘောင်းဘီတိုဖြင့် ဂျောင်ကုကတော့ အလန်းလွန်နေပေမဲ့ဘေးနားက ထယ်ယောင်းကတော့ အဖွားကြီးအနွေးထည်၊ခေါင်းစွပ်၊မာဖလာရယ်ဖြင့်လက်ပိုက်ကာဆူပုတ်ပုတ်ဖြင့်ထိုင်နေပြန်သည်။
"အား ဒီလိုအချိန်မှာ သီချင်းလေးဖွင့်ရမှာပေါ့"
"မဖွင့်နဲ့!!"
"ဘာလို့လဲ"
"မောင်!!ငါ့ရုပ်က သီချင်းလိုက်ဆိုဖို့အထိပျော်နေတယ်ထင်လားဟမ်!!!မင်းကျတော့ ကမ်းခြေပုံစံနဲ့ ငါ့ကိုကြည့်ဦး!!အဖွားကြီးတောင်ငါ့လောက်အဖွားကြီးမဆန်ဘူး!!!"
ဆူပုတ်လာတာသိပေမဲ့လည်း ထိုအကြောင်းကြောင့်ဆိုတာတော့မရိပ်မိခဲ့ပါ။အမိုးဖွင့်ကားစီးချင်တယ်ဆိုတာကြောင့် စီးစေပေမဲ့ လေစိမ်းတိုက်ရင် ဖျားမှာဆိုးလို့ကြိုကာကွယ်ပေးတာကို စိတ်ဆိုးနေပြန်သည်။
မောင့်ထမင်လုံးလေးကအဆိုးဆာလေး။
"မောင်က ဖျားမှာဆိုးလို့-"
"အေး ဖျားမဖျားတော့ မသိဘူး ဒီမှာ ချွေးစို့ပြီးသေတော့မယ်!!မောင် ကွာ ငါဒါ ချွတ်မယ်နော်နော် ငါနေမကောင်းဖြစ်ရင်လဲ မောင် ပြုစုပေးလေ"
လက်မောင်းအားသူ့မျက်နှာကပ်ကာ အကဲပိုအချွဲပိုလေတော့ ဂျောင်ကုမှာ ဘာမှမပြောရက်တော့ပါ...။
"ထမင်းလုံးလေး သဘော"
"မောင်ကလေ တအားချစ်ဖို့ကောင်းတာပဲ အာ-"
"ဒါပေမဲ့ အနွေးထည်မပါဘူး"
"ဟင့်"
သူပြောတာကိုမငြင်းဆန်ပေမဲ့ မကျေနပ်သံတစ်ချက်တော့ထွက်လာခဲ့သည်။
ခေါင်းစွပ်တွေ မာဖလာတွေချွတ်လိုက်တော့ ပျော့ယောင်းယောင်း ဆံနွယ်တွေက လေတလူလူ။
ထိုဆံပင်တွေကိုတစ်ချက်ဖွလိုက်ကာ သီချင်းဖွင့်လိုက်သည်။
All I know is (ooh ooh ooh)
We could go anywhere, we could do
Anything, girl, whatever the mood we're in