(Unicode)
စကားပြောသံတစ်ချို့နဲ့အလိုလျောက်နိုးကြားလာမှုကြောင့် သူမျက်လုံးဖွင့်ကြည့်တော့အိစက်သောအရာတစ်ခုအားခေါင်းအုံးထားသည်မို့ကြည့်လိုက်တော့မှ ထယ်ယောင်းပေါင်ဖြစ်နေသည်။
"ဂျွန်လေး နိုးလာပြီလား"
"နိုးလာပြီလား"
ဒေါ်ဒေါ်အသံနဲ့အတူထယ်ယောင်းကပါငုံ့ကြည့်လာတော့သူလဲ ချက်ချင်းထလိုက်ရသည်။
"အင်း"
"ထယ်ယောင်းလေးနဲ့ဂျွန်လေးအိမ်ခဏပြန်လိုက်လေ ယောင်းယောင်းကိုဒေါ်ဒေါ်ကြည့်ပေးထားမယ်"
"ဒါဆို အကူညီတောင်းပါတယ် ဒေါ်ဒေါ် ကျွန်တော်ကတော့ပြန်လာမှာ အလုပ်နားဖို့ကိုစဉ်းစားထားတယ်"
ထယ်ယောင်းနဲ့ဒေါ်ဒေါ်တို့စကားဝိုင်းထဲ သူမပါနိုင်သေး။မနက်ခင်းအခုမှစနိုးတာမလို့ လူက ခဏလောက်တော့ ကမ္ဘာကြီးနဲ့အဆက်သွယ်ပြတ်နေသည်။
"ဂျွန်လေး လဲ နားလိုက်တော့လေ"
"ဟုတ် ဒေါ်ဒေါ် အလုပ်မသွားခင်တော့ဝင်လာမှာပါ"
ဂျောင်ကုပြောလဲပြောထကာ ပြန်မယ်ပြုပေမဲ့အနောက်ကနေမလိုက်လာသောထယ်ယောင်းကြောင့် လှည့်ကြည့်ရသေးသည်။
"ပြန်မယ်လေ ဘာလုပ်နေတာလဲ"
"လာမယ်သွားနှင့်"
"ထယ်ယောင်းလေးက ခြေထောက်ကျဉ်နေတာနေမယ်..ဒေါ်ဒေါ်ရောက်တာကြာတာတောင်ဂျွန်လေးကိုနည်းနည်းလေးမှမဖယ်ဘူးလေ"
ဒေါ်ဒေါ်ရဲ့စကားကြောင့်သူပြန်စဉ်းစားမိတော့ဟုတ်သား...။ညထဲကအိပ်နေမိတာ အခုထိကို ထယ်ယောင်း ခြေထောက်မထုံပဲနဲ့တော့မနေနိုင်ပါ။
"ဒေါ်ဒေါ်ကလဲ ရပါတယ် ကျွန်တော် အ့-"
ဒါပေမဲ့ သူလျှောက်နိုင်ကြောင်းပြောကာ ထလာတဲ့ ထယ်ယောင်းက ကြမ်းပြင်ပေါ်တွင် ပုံ့ပုံ့လေး။ကြည့်မနေနိုင်တော့တာမို့ သူ့ဆီသွားကာ ပွေ့ချီလိုက်တော့ ရင်ဘက်အင်္ကျီတွေဆုတ်ကိုင်လာသည်။
"ရတယ် ရတယ်- ဘာလုပ်တာလဲ"
"ချီတာလေ"
"ငါ့ဟာငါလျှောက်လို့ရတယ်"
