(Unicode)
"umm..ဒီအရသာက တကယ်ကို ကောင်းတာပဲ"
Steakတုံးလေးများအား ခရင်းနဲ့ထိုးဆွကာပြောလာသော လီဂျွန်ဝမ်းအား မျက်လုံးဖြင့်တစ်ချက် မော့ကြည့်ကာပင် မိမိရဲ့အစားကိုသာပြန်ငုံ့စားလိုက်သည်။
အရင်ကလဲ သူ့အနားကပ်ဖူးသူတွေရှိပေမဲ့လည်း တစ်ရက်လောက်နဲ့ သာ lunch dateပြီးတာနဲ့ ပြီးပျက်သွားတတ်သည်။
အကြောင်းကတော့ ထမင်းစားနေရင်းမှ ထယ်ယောင်းအကြောင်းကိုသာ အမြင်ကတ်လောက်တဲ့အထိပြောတတ်သောသူ့ကြောင့်ပင်။
"အင်း ဒီအရသာကိုထယ်ယောင်းကတော့ကြိုက်မှာပဲ"
"ထယ်ယောင်းရယ် သားရယ် ကျွန်တော်ရယ် ဟန်နီးမွန်းထွက်ဖို့စဉ်းစားနေတာလေ ကလေးလဲယူဖို့ ကြိုးစားမလားလို့ ဟင်းဟင်း..ထယ်ကလဲပူဆာနေတာလေ"
"အစ်မလဲ အိမ်ထောင်ပြုသင့်တယ်နော် ကျွန်တော်နဲ့ထယ်ယောင်းဆို အလုပ်ချိန်တောင်မခွဲချင်ရလောက်အောင်ချစ်တာလေ"
ထိုသို့သော လိမ်ဆင်များကို ပြောပြီးလို့ အိမ်ပြန်လာသည်နှင့် သူပြောခဲ့သလိုပင် ထယ်ယောင်းနဲ့ ခြစ် ကျပါတယ်။ ဓားနဲ့ မဟုတ်ရင် လက်သည်းနဲ့ပေါ့....။အသံထွက်တူပေမဲ့ အဓိပ္ပါယ်တော့ကွာခြားတာတော့ ကွာခြားတယ်။
ဒါတွေကို ထယ်ယောင်းဆိုသော သူကမသိသလို သူကလဲမပြောခဲ့ပါ...အကြောင်းရင်းကတော့သူကိုယ်တိုင်လဲမသိ။ဗိုက်ယားတာတောင် အင်တာနက်အကူညီနဲ့ရှာခဲ့တာမလို့ ဒါကိုလဲရှာကြည့်ပေမဲ့ ဘာတွေပေါ်လို့ပေါ်လာမှန်းမသိတာကြောင့် ထွက်လိုက်ရတဲ့အဖြစ်။
ဒါတွေကထားပါ...ထိုသို့သော ကိစ္စတွေနဲ့ အပြတ်ဖြတ်ခဲ့ပေမဲ့ ဒီတစ်ယောက်ကတော့ ဘာတွေယုံကြည်အားကိုးနေလဲမသိ။သူ့ရှေ့တင်ထယ်ယောင်းကိုနမ်းပြတာတောင် အခုထိတွယ်ကပ်နေဆဲပင်။
"ဂျွန်! ဘာတွေတွေးနေတာလဲဟင်..ဝမ်း မျက်နှာတစ်ခုခုပေနေလို့လား"
ဟုတ်တယ် အရှက်မရှိမှုတွေ ပေနေတာလို့ပြောချင်ပေမဲ့လဲပြုံးလိုက်ကာ ခေါင်းခါပြလိုက်သည်။
"မပေပါဘူး"
"ဒါဆိုဘာတွေတွေးနေတာလဲ..ဝမ်း သိခွင့်ရနိုင်မလား.."
