(Unicode)
အသက်မရှိတော့တဲ့ အပြုံးတွေနဲ့အတူထယ်ယောင်းတစ်ယောက် နေ့နေ့ညညဖြတ်သန်းလျက်။
ထိုညပြီးနောက်နေ့မှာပင် ဆောင်းဟိုဟျောင်းကို အကူညီနဲ့ထယ်ယောင်းစာအုပ်ဆိုင်တဲ့ အနောက်က အခန်းလေးထဲတွင်နေထိုင်သည်။စာအုပ်ဆိုင်ကိုဖွင့်ပေးသည်။ပြတင်းပေါက်ရှိရာကိုလည်ဆန့်ကာလမ်းမအလယ်တွေသူမျှော်နေသူများရပ်နေမလားဟု တွေးနေမိသည်။
ဝေးဝေးလဲထွက်မသွားရဲ အကယ်၍မောင်သာလာရှာခဲ့သည်ရှိသော်ဟူသောအတွေးက ရှိနေသည်ဟု။
ဒါပေမဲ့ ဒါတွေကသူ့ရဲ့ရူးသွပ်သောဒရာမာတစ်ခုသာ။
ထိုနေ့ညအကြောင်းတွေးမိတော့ ထယ်ယောင်းစိတ်ထဲ အခုမှမွှေးသည့်မီးလိုပင် အလျှံတငြီးငြီးတောင်လောင်လျက်။
မောင့် ဘက်က သူ့ကို ဝန် လို့ သတ်မှတ်လိုက်တုန်းက ထယ်ယောင်းတော်တော်လေးတုန်လှုပ်သွားပြီးသွေးပူသွားခဲ့တာ။ပြောမိပြောရာ ပြောချလိုက်တော့ မဖြစ်သင့်တဲ့အခြေနေတွေကိုရှေ့ဆက်တိုးမိရော။
သူလိုချင်ခဲ့တာ...မောင်ရဲ့ ချော့မော့မှုတစ်ခုထဲသာ...။
ဒါပေမဲ့ လိုချင်တာနဲ့ရခဲ့တာထပ်တူမကျတော့နောက်ဆုံးသူကပင် အရင်ဆုံးမောင့်ကိုကျောခိုင်းခဲ့သည်။
ဖြစ်ပြီးတဲ့အရာကပြင်မရတော့ပေမဲ့နောင်တကတော့တစ်ဆုံးရသည်။
သူသာစိတ်လေးနည်းနည်းရှည်ပေးခဲ့ရင်..သူသာ မောင့်အပေါ် နားလည်မှုလေးပေးခဲ့ရင် အခုချိန်မှာ မောင့်ထမင်းလုံးဆိုတဲ့မောင့်ရဲ့ခေါ်သံကိုကြားနိုင်ကောင်းပါရဲ့...။
အခုတော့ လွမ်းမောဖွယ်ကောင်းတဲ့စာရွက်သားနံ့တွေကြားမှာ ငါဟာ မင်းကိုလွမ်းနေရပြီ...မင်းရဲ့ ဥစ္စာလေးနဲ့အတူပေါ့...။
.
.
.
"ထယ်ယောင်းလေး..."စိတ်ပြေလက်ပျောက်ဖြစ်အောင်စာအုပ်ဖတ်ပေမဲ့ မောင့်ဆီသာ သူ့အတွေးတွေရောက်နေခဲ့သည်။တီလေးရဲ့အသံတစ်စွန်းတစ်စကြားလိုက်တာမလို့ သူလှည့်ကြည့်မိတော့တကယ်ပင်တီလေး။
"ထယ်ယောင်းလေး...."
"တီလေး..."
ရောက်မဆိုက်သူ့အားပြေးဖက်တာကြောင့် မောင့်ကြောင့်လိုနေတဲ့အနွေးဓာတ်ကခဏလောက်ဖြစ်ဖြစ်ပြေသွားပါရဲ့...။