Twenty One

16.3K 1.5K 153
                                    

(Unicode)

"အကျင့်ပုတ်!!အရူးကောင်!! ဂျယ်ဂျူမှာတောင်ဘာမှလျှောက်မလည်ရပဲနဲ့ ပြန်လာတ ဘာတွေအရေးကြီးနေလို့လဲ အား!!"

ကြမ်းပြင်ပေါ်တွင်ခြေဆင်းထိုင်ကာ ခြေမလေးတွေကော့ရင်း ဆူပုတ်နေသော ထမင်းလုံးလေး။

ရေတောင်ကောင်းကောင်းမဆော့ရပဲ အရေးကြီးတယ်လို့သာပြောပြီးထွက်သွားတာ ဘာကိစ္စလဲသူမသိ။ညတောင်နက်တော့မည် အခုထိ ဂျွန်ဂျောင်ကုအရိပ်ယောင်အားမတွေ့ရသေးပါ။

ပြန်လာရင် စိတ်အကြီးကြီးဆိုးပစ်ဦးမယ်!!..။

"ဟုတ်တယ်မလား...ပါးပါး ဆိုးသင့်တယ်နော် မင်းက အခြေနေမကောင်းရင် ဗိုက်ထဲက ထွက်လာပြီးရိုက်ပေးမယ်မလား...အင့် အင့် ဒယ်ဒီလူဆိုးကြီးဆိုပြီး ရိုက်ပေးနော်!!"

လက်သီးဆုတ်ကာလေကိုထိုးနှက်နေသော ထယ်ယောင်းလေးကိုကြည့်ကာဒေါ်ဒေါ်သက်ပြင်းချလျက်။ထယ်ယောင်းလေးထိုသို့ထိုင်နေတာကြာလေပြီဖြစ်သည်။သူမအနေနဲ့ခေါ်ပေမဲ့လဲထမလာပါ။ဂျွန်လေးအကြောင်းလာမေးပေမဲ့ ဂျွန်လေးကမပြောခိုင်းတာမလို့..သူမလဲ အမူရာပြင်ကာ ထယ်ယောင်းလေးဆီသွားလိုက်သည်။

"ထယ်ယောင်းလေး ထမင်းစားလို့ရပါပြီ"

"မစားသေးဘူး ‌ဒေါ်‌ဒေါ် မောင့်ကိုစောင့်ဦးမယ်..မောင်ပြန်လာတော့မှာပါ"

နာရီလှမ်းကြည့်မိတော့ ည ရှစ်နာရီခွဲ။ပြန်လာထဲကမစားတာအခုထိဆိုတော့ တစ်ခုခုစားမှရတော့မည်။မဟုတ်ရင် ဂျွန်လေးလာရင်သူမတို့ပဲဆူခံရမှာလေ။

"ထယ်ယောင်းလေး နေ့လည်ထဲက မစားရသေးဘူးလေ ဟုတ်တယ်မလား..ဗိုက်ထဲက ဂျွန်လေးဥစ္စာက‌ဆာနေရောပေါ့ စားလိုက်ပါလား"

သူမပြောလိုက်တော့ နှုတ်ခမ်းထော်ကာတွေးတဆဆဖြင့်..။ခဏဟုပြောကာ ဖုန်းထုတ်ရင်ဆက်နေသည်။

ဆယ်မိနစ်ကျော်လောက်ဆက်ပြီးသည့်တိုင်ဘာမှမထူးတာကြောင့် သူ့ဘက်လှည့်ကာပင်

"ထမင်းစားတာပေါ့ ဒေါ်ဒေါ် မောင့်ဖုန်းက မကိုင်ဘူး"

"ဟုတ်ကဲ့"

သူမတို့ပြင်ဆင်ပေးသမျှကို မငြီးငြူပဲ အေးအေးဆေးဆေးစားသောက်နေသောထယ်ယောင်းလေး စားပြီးသောက်ပြီးနဲ့ အပေါ်တက်သွားတာမလို့သူမတို့လဲ သိမ်းစရာရှိကာသိမ်းပြီးအနားယူလိုက်ကြသည်။

10 months before divorceWhere stories live. Discover now