(Unicode)
တကယ်တော့ ထယ်ယောင်းနဲ့ဂျောင်ကုက ချစ်သူရည်းစားလဲမဟုတ်သလို သူငယ်ချင်းလဲမဟုတ်ခဲ့ကြ။
တက္ကသိုလ် တစ်ခုထဲက ကျောင်းသားတွေသာဖြစ်ပြီးနှစ်ယောက်လုံးကလဲ မျက်မှန်းတန်းမိယုံလောက်သာ ရှိခဲ့ကြသည်။
စကားပြောဖို့ဆိုတာဝေးလေစွ။
"ဟေး ဟေး ထယ်ယောင်း မနက်ဖန် ငါတို့ Freshers Welcomeကျင်းပမှာ လာခဲ့နော်"
အတန်းထဲက ECရဲ့ဖိတ်ကြားမှုကြောင့်ထယ်ယောင်း ခေါင်းလေးငြိမ့်လျက်။နောက်ဆုံးနှစ် သင်္ချာမေဂျာကဖြစ်တဲ့ ထယ်ယောင်းက စာအတော်ကြီးထဲမပါပေမဲ့ အသင့်တင့်ထဲကဖြစ်သည်။
ကျောထောက်နောက်ခံ မိဘလဲမရှိတော့တာမလို့ သူ့ဘဝကိုအေးချမ်းဖြတ်သန်းဖို့ရာ ရည်ရွယ်ထားတဲ့အလုပ်ကတော့ ကျူတာ ဆရာဖြစ်ဖို့ပင်။
ဘွဲ့ရပြီးတာနဲ့ ဘွဲ့လွန်ဆက်တက်ဖို့လဲဆုံးဖြတ်ထားကာ ..ထို့အတွက်လဲပြင်ဆင်ထားသည်။
တသီးတသန့်ဆန်ဆန်မနေတတ်ပေမဲ့ အပေါင်းသင်းကလဲသိပ်မပေါ။ဒါပေမဲ့ ကူညီတတ်တဲ့စိတ်ကြောင့်လဲ လူတိုင်းကထယ်ယောင်းကိုဆိုရင်းနှီးသည်။
မိမိရဲ့ ပစ္စည်းပစ္စယတွေကိုသိမ်းဆည်းပြီးထွက်လာခဲ့ကာ ကိုလာစက်တွင်ထည့်ဖို့အကြွေကိုအိတ်ထဲကုန်းရုန်းရှာနေမိသည်။
"ဝုန်း!"
"အ့"
တစ်စုံတစ်ရာနဲ့ပြင်းပြင်းထန်ထန်တိုက်ခံလိုက်ရတာကြောင့် သူနောက်ပြန်လဲမတတ်။ဒါပေမဲ့ မိမိကိုအနောက်ကနေတစ်ယောက်ယောက်က ကိုင်ပေးလိုက်တာမလို့ လှည့်ကြည့်တော့ အင်္ဂလိပ်မေဂျာက ဂျွန်ဂျောင်ကုပင်။
"တောင်းပန်ပါတယ် ညီလေး အစ်ကိုမမြင်လိုက်လို့"
"ရတယ် ရတယ်"
White boardသယ်လာတဲ့ဦးလေးကြီးတွေကတောင်းပန်လာတာမလို့သူ တိုက်မိတာ ထိုဘုတ်တွေမှန်းသိလိုက်သည်။မိမိလဲမှားတာမလို့ အဆင်ပြေကြောင်းပြောလိုက်ရင်း မိမိကို ကိုင်ပေးထားသောဂျောင်ကုကိုလှည့်ကြည့်ကာ။
"ကျေးဇူးပဲ"
"အင်း"
ခေါင်းငြိမ့်အသိမှတ်ပြုရုံလိုက်သာပင်လုပ်ပြရင်းထွက်သွားတာကြောင့်သူလဲသိပ်စိတ်ထဲမထည့်တော့ပဲ မိမိရဲ့ ကိုလာစက်ဆီသာသွားလိုက်သည်။
