(Unicode)
ထိုနေ့ကစတဲ့ပြဿနာကသုံးရက်မြောက်တဲ့နေ့အထိမပြီးသေး။နှစ်ယောက်သား မမြင်လိုက်နဲ့...မြင်လိုက်တာနဲ့ မျက်စောင်းထိုးကာ အသံတိတ်စစ်ပွဲတွေထနေသည်။
အိမ်တော်ထိန်းအဒေါ်တို့လဲမနေရပါ...ထယ်ယောင်းအရှေ့ရောက်ရင်အပြစ်မရှိ အပြစ်ရှာတာမလို့ သူမတို့လဲသူတို့နှစ်ယောက်စုံရင် လာရာလမ်းအတိုင်းလှည့်ပြန်မိသည်။
ဒါတောင်ဘာလို့လှည့်ပြန်လဲဆိုပြီး ပြောနေလို့ သူမတို့မှာ ဆက်ပဲသွားရမလို တောင်းပန်ရတော့မလိုလိုနဲ့။အခုလဲ ညစာစားချိန်ဖြစ်တာကြောင့် နှစ်ယောက်သားဆုံနေပြီမို့ သူမတို့အားလုံး ဘုရား သာ တနေလိုက်သည်။
"ဖေဖေ...ကြုလိပ် စားချင်တယ်"
"ကြက်ဥလိပ်လား"
"အွန်း"
နေ့လည်ခင်းထဲက မျက်လုံးစင်းကာ ကိုယ်ငွေ့လေးရှိနေသော ယောင်းယောင်းကို ဆန်ပြုတ်လေးပြုတ်တိုက်ပေမဲ့ ကြက်ဥလိပ်စားချင်တယ်ဆိုတော့ ထယ်ယောင်းမှာ ထလုပ်ပေးဖို့ပြင်တော့သည်။
"ထယ်ယောင်းလေး ဒေါ်ဒေါ်လုပ်ပေးရမလား"
"ရတယ် ရတယ် ယောင်းယောင်းက ကျွန်တော်လုပ်ပေးမှ စားတာလေ"
ထိုင်နေရမှထကာ အသီးရွက်တစ်ချို့နဲ့ကြက်ဥကိုယူကာ ကလေးအတွက် ကြက်ဥကြော်ဖို့ စလုပ်တော့သည်။
စားပွဲထိပ်ဝိုင်းမှာ ထိုင်နေတဲ့ မမြင်ချင်သောအမျိုးကိုလဲ စားမလားလို့မေးချင်ပေမဲ့ မမေးဖြစ်။စေတနာကသူ့ရုပ်မမြင်ခင်အထိတော့ပါပါသည်။
ဒါပေမဲ့လဲ ပိုကြော်ပေးကာ ညှပ်လိုက်ပြီး သူ့အတွက် တစ်ပန်းကန် ဖယ်ကာ ဒေါ်ဒေါ်အားပေးခိုင်းလိုက်သည်။
နောက်တော့ ကလေးအတွက်ညှပ်ပေးကာ မိမိနေရာမှာ ပြန်ထိုင်ရင် ညစာစားပြန်ကျွေးလိုက်သည်။
"ကလေးက ဘာဖြစ်တာလဲ"
"ဟို ယောင်းယောင်းလေး.."
"ဒေါ်ဒေါ်ကိုမေးတာမဟုတ်ဘူး"
ပြတ်သားစွာကြားနေရဲ့အသံကြောင့် ဂျောင်ကု သူ့ကိုညွှန်းနေမှန်းသိပေမဲ့လည်း သူ့နာမည်မှတပ်မခေါ်တာ ထူးစရာလား...။
