(Unicode)
တုန်ယင်နေသောလက်အစုံဖြင့်ထယ်ယောင်း တံခါးလက်ကိုင်အားတင်းတင်းဆုတ်ထားမိသည်။ဂျွန်ဂျောင်ကု ဟု ရေးထားသော နာမည်ကဒ်ရှိသည့်တံခါးအားသူဖွင့်ဖို့ကြောက်လန့်နေမိသည်။
အိပ်မက်ထဲကအတိုင်းသူမြင်ရမယ်ဆိုရင် ထယ်ယောင်း ရူးသွားနိုင်ဖွယ်ရှိသည်မို့ စိတ်ကိုအလုံးစုံ လျော့ချထားရသည်။
ဖြေးဖြေးချင်း ဘေးတိုက်တွန်းကာဖွင့်ဝင်လိုက်တော့ မြင်လိုက်ရသည်က တီလေးရယ်ဒေါ်ဒေါ်ရယ် ဒယ်ဒီရယ်...။
သူ့အားမြင်တော့ တီလေးက ဘေးဖယ်လာတာမလို့ ထပ်မြင်လိုက်ရသောအရာကြောင့် သူထိုနေရာကနေဆက်မသွားနိုင်တော့ပဲ အံကြိတ်ကာတင်းတင်းငိုချမိတော့သည်။
အသစ်စက်စက် ပတ်တီးအဖွေးသားဖြင့် ကုတင်ထက်မှာ လဲလျောင်းနေပါသောထိုလူသား..တနည်းအားဖြင့်သူ့ရဲ့ မောင်။
မောင့်ရဲ့အခြေနေကသူထင်ထားတာထက်တော်သေးပေမဲ့ ဒီလိုမြင်နေရတာကိုက သူ့အတွက် နာကျင်လွန်းလှသည်။
"ထယ်ယောင်းလေ လာလေ"
တီလေးက သူပုခုံးကိုဖက်ကာ မောင့် ဆီခေါ်သွားတာမလို့ မောင့်အနားရောက်တော့မှ ထပ်တွေ့ရသောမျက်နှာပေါ်က ဆေးတိပ်များ..။
"ဂျောင်ကုကအရက်မူးပြီးထွက်သွားတာ..ခြံစောင့်ကောင်လေးပြောလို့ ဒယ်ဒီလိုက်ကြည့်လိုက်တာ အဲ့မှာ..."
ဒယ်ဒီ က ဆက်မပြောနိုင်သလို သူလဲဆက်နားမထောင်နိုင်ပါ...။အရင်က ပြေပစ်ချောမောတဲ့ မောင့်မျက်နှာပေါ်က ဒဏ်ရာတွေကိုသာသူကြည့်နေမိသည်။
"အသက်ဘေးမှတော့လွတ်မြောက်ပြီပြောပေမဲ့ ကားခါးပတ်မပတ်လို့ အထိနာထားတာကြောင့်သူ့အခြေနေစောင့်ကြည့်ရမယ်တဲ့ ဘာလို့လဲဆိုတော့..."
"ဘာဖြစ်လို့လဲ တီလေး"
ဆက်မပြောပဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေတာမလို့ထယ်ယောင်းမေးလိုက်ပေမဲ့ သူ့ရင်ထဲဗလောင်ဆူနေတာသူသာသိသည်။
"ကိုမာ ဝင်နိုင်ချေများတယ်တဲ့"
.
.
.
ပြတင်းပေါက်ဖွင့်ထားတာမလို့ ညနေခင်းရဲ့လေစိမ်းကတိုးတိုက်ကာအခန်းထဲဝင်လာခဲ့သည်။