(Unicode)
"မောင် ထဦး မောင်ရေ ထဆို!!"
"အင်း...အင်းမ် ထမင်းလုံးလေး ချစ်တယ် ချစ်တယ် ပြန်အိပ်နော်"
"ဟေ့ကောင် မောင်!! ထတော့လို့ပြောနေတယ်လေကွာ!!"
ကျောကုန်းကိုတဘုန်းဘုန်းရိုက်နေတာကြောင့်သူ့မှာ အိပ်ချင်နေသောမျက်လုံးကို အတင်းဖွင့်ကာ သူ့ ထမင်းလုံးကိုကြည့်ပေမဲ့ လူရောဗိုက်ရောမသဲကွဲ...။
"ထမင်းလုံးလေး...မောင့်ထမင်းလုံးလေး ဘယ်မှာလဲ"
အိပ်ချင်မူးတူးနဲ့ထယ်ယောင်းအာကျောပေးကာ ကုန်းကုန်းနဲ့ရှာနေသော ဂျောင်ကုပါလေ။
ထယ်ယောင်း သူ့အရှေ့မှာ လာကုန်းပြနေသော ဂျောင်ကုကြောင့် ခြေထောက်ဖြင့် ကန်လိုက်တော့ ချက်ချင်းဆိုသလို ကုတင်ပေါ်ကိုကျသွားသောဂျောင်ကု။"အ့ ထမင်းလုံးလေး ဘာဖြစ်တာလဲ"
"ငါဒီဘက်မှာအဲ့လောက်နှိုးနေတာကို ဟိုဘက်လှည့်ရှာရအောင် မင်း မိန်းမ ပုရွက်ဆိတ်ရှိနေလို့လား"
"ဟာ မဟုတ်ပါဘူးကွာ ကိုယ်တကယ် အိပ်ချင်လို့ ပြော ပြော ထမင်းလုံးလေးဘာအလိုရှိ ဝါး...လို့လဲ"
ဂျောင်ကု ပါးစပ်က သာထယ်ယောင်းအားပြောသမျှနားထောင်မယ်ဆိုပေမဲ့တကယ်တော့ သူ့မျက်လုံးတွေက မဖွင့်နိုင်သေးပါ။
နှာခေါင်းကို လက်ဖြင့်ပိတ်ကာလိမ်ဆွဲပြီးအသက်ရှုလို့မရတော့မှထယ်ယောင်းအားကြည့်လိုက်တော့ဆူပုတ်ပုတ်ဖြင့်။
"ဟူး....မောင်တောင်းပန်ပါတယ်ကွာ ပြော မောင့် အချစ်လေး ဘာလုပ်ချင်လဲ ဘာစားချင်လဲပြော"
"ဟန်မြစ်သွားချင်တယ်"
"ဟမ်!"
ထယ်ယောင်းစကားကြောင့် သူ့မှာမျက်လုံးအတင်းပြူးလိုက်ရသည်။အချိန်ကြည့်တော့ တစ်နာရီခွဲ..။အပြင်ဘက်မှာလဲ ညပိုးကောင်အသံရယ်လေတိုးသံရယ်ကလွဲ ဘာမှမကြားရပါ။ဒီလိုအချိန်မှာမှ သူ့ထမင်းလုံးလေးက ဟန်မြစ်ကိုဘာကြောင့်သွားချင်ရပါသနည်း။
မသကာ မုန့်စားချင်တယ်ဆိုတော်သေး။
"ဟုတ်တယ် မောင် ငါ လေကောင်းလေသန့်လေးနဲ့လှိုင်းပုတ်သံကြားချင်လို့"