(Unicode)
တစ်ချက် ချက် မြည်နေတဲ့နာရီနဲ့အတူ ထိုင်စောင့်နေခဲ့သည်။ခဏအကြာတော့ မိမိရဲ့အတွင်းရေးမှူးနဲ့အတူ ဝင်လာသော လူနှစ်ယောက်ကြောင့် ဂျောင်ကု မတ်တပ်ရပ်ကာ ကြိုဆိုလိုက်ရသည်။
"စလိုက်ကြဝောာ့မလား"
"ကောင်းပါပြီ"
အတွင်းရေးမှူးကမ်းလှမ်းပေးတဲ့ စာချုပ်ကို လှမ်းယူကာ သေချာဖတ်ကြည့်လိုက်ရင်း မိမိလက်မှတ်ထိုးထားရမည့်နေရာမှာ ထိုးလိုက်သည်။ထိုအခါမှ သူ့အရှေ့က လူ က ပြုံးကာပင် သူ့နည်းတူ လက်မှတ်ထိုးတော့သည်။
"ကျွန်တော်တို့ ရဲ့ဆောက်လုပ်ရေးနဲ့လက်တွဲပေးတဲ့အတွက် ကျေးဇူးပါ သူဌေး ဂျွန်"
"ကျွန်တော်တို့နဲ့အရင်ထဲက လက်တွဲလာတာပဲ ပြဿနာတွေကြောင့် ပစ်ပယ်မထားရက်ပါဘူး"
"ဒါကြောင့် သူဌေး ဂျွန်ရဲ့လုပ်ငန်းတိုင်းက အောင်မြင်နေတာပါ.."
ဂျောင်ကုပြုံးလိုက်ကာပင် မိမိအရှေ့က ရေကိုမော့သောက်လိုက်သည်...အရင်ထဲက လက်တွဲခဲ့တဲ့ ဆောက်လုပ်ရေးဖြစ်တာကြောင့် ဂျောင်ကု ထိုလူ့အပေါ်တွင်ယုံကြည်ချက်အပြည့်ဝရှိသည်။အရင်က Top Tenထဲ စာရင်းဝင်ခဲ့ပေမဲ့ ယခုမှာဝောာ့ လိမ်ခံလိုက်ရမှုကြောင့် ယိုင်နဲ့နဲ့ အခြေနေသာမလို့ သူလဲအကူညီရ ကိုယ်လဲအဆင်ပြေဖို့အတွက်ရွေးချယ်ခဲ့လေသည်။
"ကျွန်တော်လဲအသက်ရွယ်ရလာပြီမလို့ အနားယူဖို့လိုပြီလေ။ အဲ့ဒါကြောင့် သားကိုလွှဲပေးဖို့ ကြိုးစားနေတာ ဒါ ကျွန်တော့်သားငယ်လေ လီဂျွန်ဝမ်း ပါ သား နှုတ်ဆက်လိုက်"
ဆံပင် ရှည်ရှည် ဂုတ်ထောက်နဲ့အတူ ဖြူဖွေးနေတဲ့အသားက နေရောင်တောင်အထိမခံဖူးသလို။သူ့အားပြုံးပြလာတော့တွေ့လိုက်ရတဲ့ ပါးချိုင့်က အထင်သားပင်။ပုံမှန်ထက်စိုရဲနေတဲ့ နှုတ်ခမ်းက တစ်ခုခု ဆေးဆိုးလာသလို။အကြည့်တွေကလဲ ရဲတင်းနေလျက်။
"တွေ့ရတာဝမ်းသာပါတယ် သူဌေး ဂျွန်"
လက်ဆွဲနှုတ်ဆက်လာတာကြောင့် ယဉ်ကျေးမှုအရ သူပြန်နှုတ်ဆက်လိုက်ပေမဲ့ အတင့်ရဲစွာ မလွှတ်ပေးတာကြောင့် မျက်ခုံးတစ်ချက်ပင့်ကာ ပင် ကြည့်လိုက်တော့မှ ပြန်ရုတ်သိမ်းသွားခဲ့သည်။