(Unicode)
"ကလေး နေမကောင်းတာကိုမင်းတို့မလို့ မပြောပဲ ငြိမ်နေကြတယ် တီလေးပြောလို့ပေါ့ မဟုတ်ဘူး ငါတို့ကအဆင်ပြေတယ်ပဲထင်နေတာ"
မာမီရဲ့ဆူပူကြိမ်းမောင်းသံတွေကိုထယ်ယောင်းနဲ့ဂျောင်ကု ငြိမ်ငြိမ်လေးနားထောင်နေရသည်။တိုင်ထားတဲ့တီလေးကတော့ဆူခံနေရတဲ့နှစ်ယောက်ကိုကြည့်ကာလျှာထုတ်ပြလိုက်တော့ မြင်လိုက်ရတဲ့ဂျွန်ယောင်းက တခိခိရယ်လျက်။ဒယ်ဒီကတော့သူ့မြေးကိုပေါင်ပေါ်တင်ထားကာ သူတို့နှစ်ယောက်အားကြည့်ပြီးမှ...။
"ဒါလင်ရယ် တော်ပါတော့ ကိုယ်တို့လဲဒီရောက်နေပြီပဲ"
"ဒါလင်လဲ ကာစီးကာစီးနဲ့ ကျွန်မမကြိုက်ဘူးနော်"
မိန်းမချစ်တဲ့ ဒယ်ဒီကတော့ မကြိုက်ဘူးဆိုတာနဲ့မပြောတော့ချေ။
"မမရယ် တော်ပါတော့ သူတို့လဲ စိတ်မပူစေချင်လို့နေမှာပါ ဟုတ်တယ်မလား ဂျောင်ကု"
အချွန်နဲ့လဲမသေး...သူတို့ဘက်လိုလိုဘာလိုလိုနဲ့ပြောလာတဲ့တီလေးကြောင့် ဂျောင်ကုဘုကြည့်ကြည့်တော့မှ လျှာတမ်းလမ်းဖြင့်ကလေးဆီသွားတော့သည်။
"မနက်ဖန် ကလေးက ဆေးရုံဆင်းရတော့မှာမလား..ဒီည ငါရယ် တီလေးရယ် စောင့်ပေးမယ် နင်တို့ဒီည ပြန်အိပ်"
"ဟို အမေ.."
အမေ့ရဲ့စကားကိုအထွန့်တက်ချင်နေတဲ့ထယ်ယောင်းက အမေ့ရဲ့အကြည့်အောက်မှာ ပါးစပ်ပိတ်လျက်ပင်။
"အမေ ပင်ပန်းမှာဆိုးလို့ပါ"
"မင်းတို့လဲ ပင်ပန်းတာပဲလေ နားကြ"
"ဟုတ်တယ် နားလိုက် ဒီနေ့တော့ မမရယ်တီလေးရယ်စောင့်လိုက်မယ်နော်ထယ်ယောင်း"
နည်းနည်းဆိုသဲသဲလုပ်ပြတဲ့တီလေးကထယ်ယောင်းကိုဖက်ကာ ပါးချင်းအပ်ရင်းပြောလေသည်။
တကယ်ပါပဲ တီလေးသာယောကျာ်းဆိုလို့ကတော့ သူကပဲထယ်ယောင်းယောကျာ်းလား တီလေးကပဲထယ်ယောင်းယောကျာ်းလား သူများတွေမေးရမဲ့အဖြစ်။
"ကဲ ပြန်ရင်ပြန်တော့လေ နင်တို့လဲ"
မာမီရဲ့စကားကြောင့် ထယ်ယောင်းရောသူရောသားကိုနှုတ်ဆက်ပြီး ဒယ်ဒီနဲ့အတူပြန်လာခဲ့သည်။