FOUR

22.2K 2K 237
                                    

(Unicode)

"ကျွန်မတို့ရဲ့ စစ်ဆေးချက်အရ နှစ်ယောက်လုံးက ကျန်းမာသန်စွမ်းတဲ့အထဲပါပါတယ်နော်။အဲ့ဒါကြောင့် နောက်ရင်သွေးလေးမွေးနိုင်ဖို့အလားလာများပါတယ်။အတူတူနေပြီးပြီးဆိုတော့ ဒီအားဖြည့်ဆေးကို တစ်နေ့တစ်လုံးပုံမှန်သောက်ပေးပါ။ဒါမှမဟုတ် ထပ်နေပြီး သောက်သုံးလဲရပါတယ်"

"ဆေးပဲသောက်-"

"ဆရာမပြောချင်တာက ပိုထိရောက်အောင် ထပ်နေရမယ်ပေါ့"

‌ဂျောင်ကုရဲ့စကားကြောင့်ထယ်ယောင်းမှာ နားမလည်သလို...စိတ်ထဲမှာလဲ ဒီကောင် ဘာတွေပြောနေတာလဲ ဟူသော အတွေးဖြင့်။

"အင်း ရလဒ်ကတော့အတူတူပါပဲ ဒါပေမဲ့ အဲ့ဒါက ဂျွန်ဂျောင်ကုနဲ့ ကင်မ်ထယ်ယောင်းတို့ရဲ့ ဆန္ဒအပေါ်မူတည်တာပေါ့နော်"

"ဒါဆို ထပ်နေရမှာ ပေါ့"

"နေ နေပါဦး..ဆေးစားတာနဲ့ဖြစ်တယ်လေ မင်းက ဘာကို"

"ဘာကိုလဲ...ဆရာမကိုယ်တိုင်‌‌ ဆေးသောက်ပြီးတစ်နေ့တစ်လုံး သောက်ခိုင်းတာလေ..အဲ့တော့ တစ်နေ့တစ်ခါနေပြီး တစ်နေ့တစ်လုံး"

"Yrrr!!!"

ဂျောင်ကုရဲ့စကားကြောင့်ရယ်ထယ်ယောင်းရဲ့အော်သံကြောင့် ဆရာမ ခမျာ မျက်လုံးပြူးကာ ရင်ဘက်လက်ဖြင့် ဖိလျက်။

သူမပြောတဲ့အထဲ တစ်နေ့တစ်ခါနေရမယ်ဆိုတာချည်းက မပါပါဘူး။ဘယ်နှယ့် လူနာရှင်က ဇွတ် တွေ ‌ဖြစ်နေတာပါလိမ့်။နောက်လူနာရှင်ကလဲ အော်လိုက်သည်ဆိုတာ သူမရဲ့၁၂ပေအခန်းလေးကိုဟိန်းတက်သွားသလိုသူမနှလုံးတွေပါတုန်ယင်သွားသည်။

"မင်း ဆရာမ စကားကိုမကြားလိုက်တာလား..ဆေးပုံမှန်စားတာနဲ့ရပြီလို့ပြောတယ်လေ"

"ဒါဆို မင်းရောကြားလိုက်လား အတူတူနေပြီးရင် ပိုထိရောက်တယ်လို့ပြောလိုက်တယ်လေ"

"ဝါး ဒီ ကောင်တော့"

ဆက်သာနားထောင်နေရင် သူမရဲ့ဆေးခန်းလေးထဲ သတ်ပွဲတွေဖြစ်သွားနိုင်တာမို့ ကြားဝင်ကာပင်ဖြန်ဖြေဖို့ကြိုးစားရတော့သည်။

‌"ဟို ဂျွန်ဂျောင်ကုနဲ့ ကင်မ်ထယ်ယောင်းတို့..ရန်မဖြစ်ပါနဲ့နော် ဆေးကပုံမှန်သောက်တာနဲ့တင် အဆင်ပြေပါတယ် အတူတူနေဖို့က အများကြီးမလိုပါဘူး"

10 months before divorceحيث تعيش القصص. اكتشف الآن