Epilogue

24.4K 1.6K 246
                                    

(Unicode)

အနှီးဖြင့်ပတ်ထုတ်ထားသော ကလေးသေးသေးလေးကို ထယ်ယောင်းပွေ့ချီကာ ကြည်နူးမှုဖြင့်ကြည့်နေတုန်း တီလေးတို့ကိုပြန်ပို့ပြီး အပြင်ကနေဝင်လာခဲ့သော ဂျောင်ကု...။

"ထမင်းလုံးလေး"

သူခေါ်လိုက်တော့ပြုံးကာသူအားမော့ကြည့်လာခဲ့သည်။

"မောင်...ဒီမှာ မောင့် ဥစ္စာလေး"

သူ့ထမင်းလုံးလေးကလက်ထဲထည့်လာတာမလို့သူပွေ့ချီလိုက်တော့ အင့် ခနဲ ဟုအသံထွက်လာသည်။

"ယောင်းယောင်းတုန်းက မောင်တို့ချီပေမဲ့ ဒီလိုမဟုတ်ဘူးနော်...ထမင်းလုံးလေးအိပ်နေရင်မောင်လာပြီးချီပြီ"

"အဲ့တုန်းက ငါမအိပ်ပါဘူး...ငါအိပ်မှ မောင်လာတာသိလို့ အိပ်ချင်ယောင်ဆောင်ခဲ့တာ"

သူမထင်ထားတဲ့ အမှန်တရားကို ကြားသိလိုက်ချိန်မှာတော့နောင်တတွေအလုံးအရင်းဝင်လာခဲ့ရသည်။

ထိုလူသားလေးကိုချစ်နေတယ်ဆိုတာဘာလို့နောက်ကျမှသိရတာလဲဟု...။

"ချစ်စရာလေး‌ သားလေးက"

"ဟုတ်တယ်နော် မောင် ငါ အခန်းထဲဝင်‌တုန်းက ‌မင်းတော်တော်နာနေလား...ငါလဲနာပေမဲ့ယောင်းယောင်းလောက်သိပ်မခံစားရဘူး"

"အင်း..နာတယ်"

"တောင်းပန်ပါတယ် ငါ့ကြောင့်-"

အားနာနေဟန်ဖြင့်သူ့အားပြောလာသောထမင်းလုံးလေးနှုတ်ခမ်းကိုဖိကပ်ကာနမ်းလိုက်တော့ တိတ်သွားတော့သည်။

"‌ဒီကမောင်က ချစ်တာကို တောင်းပန်တာလား..."

"မဟုတ်ပါဘူး...ငါ့ကြောင့်နဲ့-"

"‌ဒါဆို မလိုဘူး...ဒါပေမဲ့ နောက်ကလေးထပ်မယူတော့ဘူးနော် မောင့်ထမင်းလုံးလေး ပင်ပန်းမယ်"

မုသားမပါ လင်္ကာမချောတဲ့..။အမှန်တစ်ဝက်အမှားတစ်ဝက်ရောနှောကပြောလိုက်တော့ သူထမင်းလုံးလေးက မောင် မင်းအကြောင်းကိုမသိရင်ခက်မယ်ဟူသောအကြည့်ဖြင့်။

"ဘာလို့လဲနာမှာကြောက်လို့လား...ဘယ်သူပြောနိုင်မှာလဲ နောက်တစ်ယောက်ရလို့မောင်က ငါ့ကို အခုလိုမချစ်တော့ပဲ အချစ်လျော့သွားရင်ရော"

10 months before divorceDonde viven las historias. Descúbrelo ahora