- 01 -

12.3K 817 78
                                    

Realistic background မဟုတ်ပါ! ဒီထဲက ဖျော်ဖြေရေးလောကနှင့် အပြင်က လက်တွေ့ဘဝ သက်ဆိုင်ခြင်း မရှိသလို ဒီထဲက Main character နှစ်ယောက်နှင့်လည်း သက်ဆိုင်ခြင်း မရှိပါ။ OOC.

*

ရှောင်းကျန့် ခဏခဏ တွေးမိတယ်။ သူ ဝမ်ရိပေါ်ကို ဘာလို့ချစ်တာလဲ?

သူတို့ တွေ့ကြတုန်းက ဝမ်ရိပေါ်ဟာ အသက် ၂၀ တောင် မပြည့်သေးဘူး။ သူတို့ ပထမဆုံး နမ်းဖြစ်ခဲ့တဲ့အချိန်မှာဆို ရှောင်းကျန့် တွေးနေခဲ့တာက : ဒါ အမှုကျူးလွန်ရာများ ကျနေမလား?

မဟုတ်သေးဘူး။ အန္တရာယ်ရှိတာ အကောင်းဆုံးပဲ။

ရှောင်းကျန့်ဟာ သူ့ပါးစပ်ကို တုန်တုန်ယင်ယင်ဖွင့်လို့ သူ့လျှာကို ထည့်လိုက်တယ်။ ဝမ်ရိပေါ်ရဲ့ ဟက်ခနဲရယ်သံ တချက်ကို ကြားလိုက်ရပြီး သူ့လျှာတခုလုံးဟာ ရှောင်းကျန့်ပါးစပ်ထဲ ရောက်လာတယ်။ ဝမ်ရိပေါ်ရဲ့လျှာဖျားမှာ X-Ray ကင်မရာ တပ်ထားသလိုပဲ။ ရှောင်းကျန့်ရဲ့ပါးစပ်ထဲက နေရာတိုင်းကို စေ့စေ့စပ်စပ် လိုက်လံပွတ်သပ်တယ်။ ရှောင်းကျန့် မြင်ဖူးခဲ့တဲ့ သွားဆရာဝန်တွေထက်တောင် ပိုအသေးစိတ်ကျသေးတယ်။

ခဏလောက် နမ်းပြီးတာနဲ့ ဝမ်ရိပေါ်က သူ့လျှာကို ပြန်ထုတ်သွားတယ်။ ရှောင်းကျန့်ရဲ့ မသိစိတ်ကနေ တားမြစ်တဲ့အနေနဲ့ သူ့ရှေ့သွားနှစ်ချောင်းနဲ့ ဖိကိုက်ထားတယ်။ သူ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းကို ကိုက်တယ်။ ဝမ်ရိပေါ်ဆီက ရယ်သံ ထပ်ကြားလိုက်ရပြန်တယ်။ အဲ့ဒီ့နောက် လျှာတခုလုံး ပြန်ဝင်လာခဲ့တယ်။

အဲ့လိုမျိုး အပြန်အလှန် နမ်းပြီးနောက်မှာ ရှောင်းကျန့်ရဲ့ခြေထောက်တွေ အားနည်းလာတယ်။ နံရံကို မှီထားရင်း သူ့လက်ကို မြှောက်လို့ ဝမ်ရိပေါ်ရဲ့ပခုံးပေါ် ဝိုက်ဖက်လိုက်တယ်။ သူ့လည်တိုင်ကို ရှေ့မှီချရင်း နှစ်ယောက်သားရဲ့လျှာ ရစ်ပတ်မှု ပိုလွယ်ကူအောင် လုပ်လိုက်တယ်။

အနမ်းက အချိန်အကြာကြီး ကြာတယ်။ နမ်းနေစဉ်ကာလအတွင်းမှာ ဝမ်ရိပေါ်ရဲ့လက်တွေဟာ ရှောင်းကျန့်ရဲ့ရှပ်အင်္ကျီထဲ ဝင်သွားပြီး ပူနွေးနေတဲ့ သူ့လက်ဖဝါးတွေနဲ့ ရှောင်းကျန့်ရဲ့ခါးကို ခပ်ကြမ်းကြမ်း ပွတ်သပ်တယ်။ သူ့လက်ချောင်းတွေနဲ့ ချက်သီးလေးကို ဆော့တယ်။ ပြီးတာနဲ့ နို့ထိပ်ဖျားကို ဖြည်းဖြည်းချင်းဆိတ်တယ်။ ရှောင်းကျန့်ဆီက ညည်းသံထွက်လာတယ်။

Finger ||Completed||Where stories live. Discover now