"ချစ်သူများနေ့ မတော်မဆ"ကို ရှောင်းကျန့် ထင်ထားခဲ့တာထက် ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်။
Libra တွေမှာ ကိုယ့်ကိုကိုယ်ကာကွယ်တတ်တဲ့စိတ်ရင်းလေးတွေ ရှိတတ်ကြတယ်။ ရှောင်းကျန့်ဟာ သူ့ကိုယ်သူ "ကာကွယ်ဆေး" ထိုးတဲ့အနေနဲ့ အဆိုးဆုံးကို မျှော်လင့်ထားခဲ့တာဖြစ်တယ်။ အဆိုးဆုံးဖြစ်မလာတဲ့အခါ ရှောင်းကျန့် စိတ်ဖြေနိုင်ခဲ့တယ်။ ငါထင်ထားခဲ့တာထက် ပိုအဆင်ပြေပါတယ်ဆိုပြီး။
ဝမ်ရိပေါ်ရဲ့ကုမ္ပဏီက ငွေတွေအများကြီး သုံးလိုက်ရတယ်။ ဝမ်ရိပေါ်ရခဲ့တဲ့လစာ ယွမ် ၉ သိန်းထက်တောင် ပိုများသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်နှစ်မှာ ဝမ်ရိပေါ်ဟာ ယွမ်ငွေတွေ မီလီယံချီတဲ့ စာချုပ်ပေါင်းများစွာကို လက်မှတ်ထိုးနိုင်မယ်လို့ မျှော်လင့်ထားခဲ့လို့ပါပဲ။
"ချစ်သူများနေ့မတော်တဆ"ကိစ္စအပေါ် ပူးပေါင်း statement ထုတ်ပြန်ထားတာဟာ "ငြင်းဆို"တဲ့သဘောဆောင်တယ်။ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ တရပ်ကွက်တည်းမှာ အတူတူနေတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ကြတယ်။ ၁၄ ရက်နေ့ ညနေတုန်းက စားတဲ့ညစာစားပွဲမှာ သူတို့နဲ့အတူ လက်တွဲအလုပ်လုပ်ဖူးတဲ့ လျို့ကောဆိုတဲ့လူလည်း အတူတူရှိနေတယ်ဆိုပြီး။
လျို့ကောက အားကိုးရတဲ့လူဖြစ်တယ်။ ဝမ်ရိပေါ်ရဲ့ဖုန်းကို ချလိုက်ပြီးတာနဲ့ ထုတ်ပြန်စာတင်ထားတဲ့ပို့စ်ကို "Louis Jadot , သောက်လို့သိပ်ကောင်း!"ဆိုတဲ့ caption ရေးပြီး ပြန် repost လုပ်လိုက်တယ်။
ဒီလို statement မျိုးကြောင့်ပဲ ဝမ်ရိပေါ်ရဲ့ဖန်တွေမှာ အရမ်းကိုဝမ်းသာသွားကြတယ်။ ဘယ်လိုအခြေအနေတွေ ဖြစ်နေပါစေ၊ သူတို့ဖြစ်စေချင်သလိုဖြစ်ရင် ရပြီ။
မတ်လရောက်တဲ့အချိန် နောက်ဆုံးမှာတော့ ရှောင်းကျန့် အလုပ်ပြန်လုပ်ရတော့တယ်။ ရှန်ဟိုင်းမှာ ဒရာမာရိုက်တာဖြစ်တယ်။
အလုပ်သွားတဲ့နေ့မှာ မိန်းကလေးတွေဟာ ရှုတင်ရိုက်ကွင်းအပြင်မှာ စုရုံးနေကြတယ်။ ပန်းပွင့်ရာသီဆိုတာ ရိုမန့်စ်ဝတ္ထုတွေထဲမှာ ရေးထားသလိုမျိုး အမြဲတမ်းချစ်ဖို့ကောင်းနေတာချည်းမဟုတ်ဘူး။
YOU ARE READING
Finger ||Completed||
Fanfiction*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.