ချစ်သူများနေ့ကို အရောင်နဲ့ ကိုယ်စားပြု ဖော်ပြရမယ်ဆိုရင် ရှောင်းကျန့်ကတော့ အဖြူရောင်လို့ပဲထင်တယ်။
နှင်းတွေကျနေတဲ့ ပေကျင်းမှာ ရှောင်းကျန့်ဟာ hot chocolate တခွက်ကို ကိုင်ထားတယ်။ ချောကလက်ခွက်ကနေ မီးခိုးငွေ့ဖြူဖြူတွေ ထွက်နေတယ်။ ချစ်သူများနေ့ရဲ့ ၇ နှစ်မြောက်နေ့ရက်ဟာ ကုန်လွန်သွားခဲ့ပြီဖြစ်တယ်။
ချစ်သူများနေ့ညမှာ ဖြစ်ခဲ့တဲ့ကိစ္စအပေါ် လုကျယ်က ဘာမှမပြောဘူး။ ရှောင်းကျန့်ရဲ့ "ပုံမှန်မဟုတ်တဲ့ မတော်တဆကိစ္စ"တွေတိုင်းလိုပေါ့။ ဒီလိုပဲ ပြီးဆုံးသွားခဲ့တယ်။ သူတို့နှစ်ယောက် အလုပ်အတူတူလုပ်နေတုန်း၊ ညစာအတူတူစားတုန်း၊ ပြီးတော့ အလုပ်ပြီးတာနဲ့ date တွေ သွားတုန်းဖြစ်တယ်။
အဲ့နေ့ညမှာ လုကျယ်ဟာ အိပ်ခန်းထဲမှာ မအိပ်ခဲ့ဘူး။ ဝမ်ရိပေါ်ကြောင့် ဖြစ်နေတဲ့ရှောင်းကျန့်ကို သူ မချော့ချင်ဘူး။ ဒီလို မရေရာတဲ့ပြဿနာမျိုးကို ရှောင်းကျန့် ဖြေရှင်းသင့်တယ်။ ရှောင်းကျန့်ကို သူ့ပြဿနာတွေ သူရှင်းဖို့ လုကျယ်က မပြောဘူး။ ပြီးတော့ ရှောင်းကျန့်ရဲ့ လစ်ဟာမှုတွေကို ဖြည့်ဆည်းပေးဖို့ သူ့မှာ တာဝန်မရှိဘူး။
ခံစားချက်ကောင်းတယ်။ မျက်နှာလှလှလေးရှိတယ်။ ပြည့်စုံတဲ့လုပ်နိုင်စွမ်းရည်ရှိတယ်။ အချစ်ကိစ္စ ပြဿနာ နည်းနည်းရှိတယ်။ ဒါပေမဲ့ သူတို့ တွဲနေတုန်းပဲ။ ဒီလိုပတ်သက်မှုမျိုးမှာ သက်တောင့်သက်သာရှိမှုဟာ အရမ်းအရေးကြီးတယ်။
ချစ်သူများနေ့ ရုပ်ရှင်အကြိုပွဲပြီးတဲ့နောက် ဝမ်ရိပေါ်ဟာ ဟောင်ကောင်ကို ခရီးထွက်သွားခဲ့တယ်။
မနှစ်တုန်းက ရွေးချယ်ထားတဲ့ ရဲနဲ့လူဆိုး ဒရာမာ "Sin City" အတွက် ရိုက်ကွင်းစတင်နေပြီဖြစ်တယ်။ ဝမ်ရိပေါ်ဟာ ဆန္ဒပြတဲ့ ရဲတယောက်အဖြစ် သရုပ်ဆောင်ရပြီး ဟောင်ကောင်ရဲ့နာမည်ကြီးဒါရိုက်တာ ဒါရိုက်တာလီနဲ့ တွဲဖက်လုပ်ကိုင်ရတယ်။
ဒါရိုက်တာလီဟာ ဟောင်ကောင်မှာမွေးတဲ့သူဖြစ်တယ်။ ဟောင်ကောင်မြို့တော်ရဲ့ တိုင်းရင်းသားရိုးရာ မျိုးချစ်စိတ်ဟာ သူ့အသွေးအသားထဲမှာ စာရေးထိုးထားတယ်။ ဒီမြို့တော်အတွက် စိတ်အားတက်ကြွမှုဟာ သူ့အရိုးထဲကနေ ဖော်ပြနေတယ်။
YOU ARE READING
Finger ||Completed||
Fanfiction*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.