ထုံးစံအတိုင်း နောက် ၂ နာရီလောက်ကြာမှ လာဖတ်ပေးပါနော်။ မနေ့ကအပိုင်း ပြန်ဖတ်လိုက်ပါဦး။ လွတ်သွားတာတွေ ရှိမှာစိုးလို့။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မတ်လ အကုန်ပိုင်းမှာ ရှောင်းကျန့်ဟာ "Change the Sky" ဒရာမာကို ရိုက်ကူးပြီးစီးခဲ့တယ်။
နောက်ဆုံးခန်း ရိုက်တဲ့နေ့မှာ လုကျယ်က ပေကျင်းကနေ ဟန်းတျန့်ကိုလာပြီး ကင်မရာအဖွဲ့သားတွေကို လူကိုယ်တိုင် ကျေးဇူးတင်စကား ပြောခဲ့တယ်။ ရှောင်းကျန့်ကို ဂရုတစိုက် သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုတာနဲ့ ဒီဒရာမာစီးရီးရဲ့ ဖြန့်ဖြူးရေးမှာလည်း ပါဝင်ခွင့်ရတဲ့အတွက်ပေါ့။
လုကျယ်လို ခေါင်းဆောင်အဆင့်အတန်းကနေဆိုရင် သူဟာ ရှေ့တန်းမှာ နေရသူလို့ ပြောလို့ရတယ်။ ထုတ်လုပ်မှုပိုင်း၊ ဒါရိုက်တာပိုင်းနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းတွေမှာ လုပ်ပိုင်ခွင့်ရထားသူအဖြစ်ပေါ့။
တော်တော်များများကတော့ ရိုက်ကွင်းကို ကုမ္ပဏီရဲ့ လက်ထောက်အဆင့်လောက်ပဲ လာကြတာဖြစ်ပြီး CEO အဆင့်အတန်းတွေဟာ အလုပ်သမားတွေရဲ့ နှစ်စဉ် annual meeting တွေမှာသာ ပေါ်လာတတ်ကြတာဖြစ်တယ်။
လုကျယ်ကြောင့် ဒါရိုက်တာဟာ ရှောင်းကျန့်ကို ကင်မရာရှေ့မှာ ၂ မိနစ်ပိုပြီး ချီးကျူးတယ်။ စိတ်ပါဝင်စားမှုရှိတာ၊ အံ့ဩဘနန်းဖြစ်စေတာ၊ ပြီးတော့ ဒရာမာမှာပါဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုတာ။
စကားတွေ အကုန်လုံးကတော့ လှလှပပလေးတွေချည်းပါပဲ။ ဒါပေမဲ့ ရှောင်းကျန့်နဲ့ လုကျယ်နှစ်ယောက်လုံး သိတဲ့အချက်က သူတို့သာ တကယ်စိတ်တိုင်းကျတယ်ဆိုရင် သူတို့ပါးစပ်ကနေ စကား ၃ လုံးပဲ ပြောထွက်လာမှာဖြစ်တယ်။ သရုပ်ဆောင်ကောင်းတယ်ဆိုတဲ့စကား။
ရှောင်းကျန့်နဲ့လုကျယ်ဟာ ကားတစီးတည်းစီးလို့ လေဆိပ်ကို သွားတယ်။ လုကျယ်က ပေကျင်းကို ပြန်သွားမှာဖြစ်ပြီး ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်နဲ့တွေ့ဖို့ ရှန်ကျန်းကို သွားမှာဖြစ်မယ်။
ရှောင်းကျန့်ဟာ သူ့ဘက်ကအရင် လက်ဦးမှုရယူပြီး လုကျယ်နဲ့အတူ တတန်းတည်းမထိုင်ဖို့ လုပ်တယ်။ သူ ကားထဲ ဝင်ဝင်ချင်း သူ့မှာ ပစ္စည်းတွေ အများကြီးရှိတယ်လို့ ပြောလိုက်တယ်။ ပြီးတာနဲ့ စပွန်ဆာကားရဲ့နောက်ဆုံးတန်းရှိရာသွားပြီး မတ်မတ်ထိုင်နေတယ်။
YOU ARE READING
Finger ||Completed||
Fanfiction*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.