- 14 -

3.1K 367 35
                                    

၃ နာရီလောက်ကြာမှ ပြန်လာဖတ်ပေးကြဘားးးး 😭

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

Audition မဝင်ခင် နှစ်ညအလိုမှာ ဝမ်ရိပေါ်ဟာ သူ့ခွန်အားတွေ အကုန်သွန်ထည့်လို့ ရှောင်းကျန့်ရဲ့ "စာဖတ်ပေးသူ" အဖြစ် တကယ်ကို စိတ်နှစ်လို့ အဖော်ပြုပေးခဲ့တယ်။ နေ့တိုင်း အလုပ်ပြီးတာနဲ့ သူ report ကို အချိန်မီပေးတယ်။

ရှောင်းကျန့်ရဲ့ "နာမည်ကျော်ကြားမှု" အတွက် ဝမ်ရိပေါ် မျှော်လင့်ထားမှုက ရှောင်းကျန့် သူ့ကိုယ်သူ မျှော်လင့်ထားတာထက် ပို အသေးစိတ်ကျတယ်။ ပြီးတော့ အလျင်လည်းလိုတယ်။

နောက်ဆုံးမှာတော့ ရှောင်းကျန့်ဟာ သူ့ အသည်းအသန် အပတ်တကုတ် ကြိုးပမ်းရှာဖွေနေခဲ့တဲ့ Baidu Encyclopedia ကို လက်လျှော့လိုက်တော့တယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို စိတ်ခွန်အားတွေ အများကြီး‌ပေးတယ်။ ဆိုဖာပေါ်မှာ အိပ်ရဖို့နီးနီး စွန့်စားမှုတွေအောက်မှာ အကြံဉာဏ်တွေလည်း အများကြီးပေးဖြစ်တယ်။

ရှောင်းကျန့်ရဲ့အခြေအနေက အရမ်းကောင်းတယ်။ သူက ပြောတယ်။

"အမြဲတမ်း အင်းလို့ချည်း ပြောမနေနဲ့လေ။ မင်း ငါ့ကို ကူညီချင်တယ်ဆိုရင် ငါ့ဘက်က ပြဿနာရှိနေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်တာပေါ့။ ငါ စိတ်မဆိုးပါဘူး"

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဝမ်ရိပေါ်ဟာ “မိန်းမချော့တဲ့နေရာမှာ" ဂုဏ်ထူးရကျောင်းသားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတယ်။ ဒီနေ့အမြင်အရပြောရရင် ဝမ်ရိပေါ်ဟာ ဘွဲ့ရဖို့ အဝေးကြီးလိုသေးတယ်။

အစပိုင်းမှာ ဝမ်ရိပေါ်ရဲ့စကားတွေက ရှင်းလင်းတယ်။ ရှောင်းကျန့်ရဲ့ performance တခုပြီးတိုင်း ဝမ်ရိပေါ်ဟာ အပြုံးလေးနဲ့ ချီးကျူးစကားပြောတယ်။ ပြီးတာနဲ့ ဒီလိုပြောတတ်တယ်။

"ငါ ရုတ်တရက်ကြီး တခုခုကို စဉ်းစားမိသွားတယ်။ မင်း ဒီလိုလုပ်ကြည့်ပါလား....."

Audition က မနက်ဖြန် ဝင်ရတော့မယ်။ စစ်ဆေးစရာ မေးခွန်းတွေက အများကြီး ကျန်သေးတယ်။

ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ ဆန့်ကျင်ဘက်ကနေ စကားပြောတာမျိုးတွေ လုပ်လာတယ်။ သူ့အာရုံကို အလုံးစုံထည့်ပြီး သူ့ရဲ့ထင်မြင်ချက်တွေ ပေးတယ်။ နောက်ဆုံးမှာတော့ ဆိုဖာပေါ်ကနေ ခုန်ထပြီး အစကနေ အဆုံးထိ သူ ဖြစ်စေချင်သလိုမျိုး ရှောင်းကျန့်ကို ပြတယ်။

Finger ||Completed||Where stories live. Discover now