နောက်တနာရီခွဲကြာမှ လာဖတ်ပေးပါ။ မနေ့က တင်ပြီးတာနဲ့ စာပြင်တာ ၁၂:၀၄ ကျမှ ပြီးလို့ 🥺
မနေ့ကအပိုင်း ပြန်ဖတ်ပေးဦး။ ပြင်ထားတာတွေ အများကြီးပဲ။ မူရင်းနဲ့ ပြန်တိုက်ပြီး ပြင်ထားတာမို့။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဝမ်ရိပေါ်က တံခါးကို ပြန်ပိတ်ပြီး အိပ်ရာပေါ်ပြန်သွားလို့ ရှောင်းကျန့်ကို ဖက်ရင်း ပြန်အိပ်ဖို့လုပ်တဲ့အချိန်မှာ လုကျယ်က အခန်းတံခါးကို လက်နဲ့တွန်းလိုက်ရင်း ပြောတယ်။
"ငါ ရှောင်းကျန့်ကို လာရှာတာ"
ဝမ်ရိပေါ်က အိပ်ရေးမဝသေးဘူး။ အခုချိန်မှာ သူ့ဦးနှောက်ဟာ သစ်သားလှည်းကိုဆွဲနေတဲ့ မြည်းတကောင်ရဲ့ဦးဏှောက်နဲ့ ထူးမခြားနားပဲ။ သူ ဘာမှ ပြန်မပြောရသေးခင်မှာ အခန်းထဲကနေ ရှောင်းကျန့် အော်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။
"လောင်ကုန်း မြန်မြန်ပြန်လာခဲ့"
"သူက လုကျယ်တဲ့။ မင်းကို လာရှာတာတဲ့"
ရှောင်းကျန့် အိပ်ရာပေါ်ကနေ ဆတ်ခနဲ ငုတ်တုတ်ထထိုင်လိုက်တယ်။
သူ့ဦးနှောက်ရဲ့ အတုအယောင်ဖန်ဆင်းထားတဲ့အိပ်မက်ထဲမှာ ဝမ်ရိပေါ်နဲ့ ပတ်သက်တာတွေ မက်နေတာဖြစ်တယ်။ သူတို့နှစ်ယောက်ဟာ ကြွက်နှစ်ကောင်အဖြစ်ကို ပြောင်းသွားတယ်။ ဗိုက်ဆာလွန်းတာကြောင့် ဒိန်ခဲတုံးကို မြင်တဲ့အခါ ခုန်တက်ပြီး စားတော့မယ်အကြံမှာပဲ ရှောင်းကျန့်ရဲ့အမြီးဟာ ကြွက်ထောင်ချောက်ထဲ မိသွားတော့တယ်။
လုကျယ်က ဝမ်ရိပေါ်ရဲ့ ပွင့်နေတဲ့ ညဝတ်အင်္ကျီကို စက္ကန့်အနည်းငယ်လောက်ကြည့်တယ်။ ပြီးတာနဲ့ ရှက်ကိုးရှက်ကန်းဖြစ်ပြီး တဖက်ကိုလှည့်လို့ အကြည့်တွေကို ရှောင်ဖယ်တယ်။
ဝမ်ရိပေါ်ရဲ့ရင်ဘတ်မှာ သွားကိုက်ရာတွေနဲ့ hickey တွေ ပြည့်နေတယ်။ ဒါဟာ လုကျယ်လို ဂုဏ်သရေသိက္ခာရှိ အမျိုးသားတယောက်အတွက် အခန်းထဲက ရှောင်းကျန့်ရဲ့လှမ်းခေါ်သံအပေါ် ဆက်စပ်အတွေးတွေ တကယ်ကို မတွေးချင်ဘူး။
လုကျယ်က သူ့လက်ကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်တယ်။ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဝမ်ရိပေါ်ကို ပြောလိုက်တယ်။
YOU ARE READING
Finger ||Completed||
Fanfiction*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.