ရှောင်းကျန့်ဟာ ဟိုတယ်ရဲ့ဖိနပ်ပါးကို စီးထားရင်း အောက်ထပ် စပွန်ဆာကားအနက်ထဲက ဝမ်ရိပေါ်ကို သွားခေါ်တယ်။
လျို့ကောက သူပါ ကူပြီး လိုက်ပို့ပေးရမလားမေးတယ်။ အဲ့အချိန်မှာ ဝမ်ရိပေါ်က ရှောင်းကျန့်ပေါ်မှာ မှီတွယ်ထားတယ်။ ရှောင်းကျန့်ဟာ သူ့လက်ကို ဝမ်ရိပေါ်ခါးပေါ် ဝိုက်ဖက်ရင်း ပြောလိုက်တယ်။
"ရတယ်။ ကျနော်ပဲ လိုက်ပို့ပေးလိုက်မယ်။ လူများရင် မှတ်မိဖို့ လွယ်တာမို့"
ဝမ်ရိပေါ်က အရမ်းပိန်တယ်။ သူ့ကို ပခုံးပေါ်မှာ တွဲထားရတယ်။ ရှောင်းကျန့်ဟာ အမူးသမားလေးကို တွဲခေါ်လာပြီး ဓါတ်လှေကားကနေတဆင့် သူ့အခန်းထဲ ခေါ်သွားတယ်။ မောလွန်းလို့ သူ့ခြေထောက်တွေတောင် မလှုပ်နိုင်တော့တဲ့အထိပဲ။
အခန်းထဲကို ဝင်ပြီးတဲ့နောက် ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို အိပ်ရာပေါ် ပစ်တင်လိုက်တယ်။ သူ့ရှပ်အင်္ကျီမှာ ချွေးတွေစိုနေပြီး ကျောမှာ ကပ်နေတယ်။ ရေချိုးထားလည်း အလကားပဲ။ ဝမ်ရိပေါ်နဲ့ဆိုရင် နှစ်ယောက်လုံးဟာ ချွေးတွေအမြဲ ထွက်နေတတ်တယ်။
လေအေးပေးစက်ကို ၃ ဒီဂရီလျှော့ချလိုက်တယ်။ ဟိုတယ်ရဲ့ ကြယ်ပွင့်အရေအတွက်က မြင့်တာမို့ လေအေးပေးစက် အလုပ်မလုပ်မှာတွေကို တွေးပူစရာမလိုဘူး။
ဝမ်ရိပေါ်က အိပ်ရာပေါ်မှာ ခဏလှဲတယ်။ ပြီးတာနဲ့ လူကိုလှိမ့်ပြီး သူ့ကိုယ်သူ စောင်နဲ့ ပတ်ထုပ်လိုက်တယ်။
ရှောင်းကျန့်ဟာ ကော်ဇောပေါ်မှာထိုင်ရင်း ဝမ်ရိပေါ်ကို ကြည့်တယ်။ ဝမ်ရိပေါ်မျက်နှာက အရမ်းဖွေးနေတယ်။ နဖူးပေါ်က ဆံပင်တွေဟာ မျက်တောင်ဖျားတွေကို ထိနေတယ်။ အရက်သောက်ထားတာမို့ သူ့နှုတ်ခမ်းတွေက ပုံမှန်ထက် ပိုရဲနေတယ်။
ရှောင်းကျန့်က အသံကျယ်ကျယ်နဲ့ မေးလိုက်တယ်။
"မင်း အခန်းနံပါတ်က ဘယ်လောက်လဲ?"
ဝမ်ရိပေါ်က တခုခု ပြောတယ်။ သူ့လက်က လေထဲမှာ ဟိုဒီယမ်းပြီး စောင်ပေါ် ပြန်ကျသွားတယ်။ ဘာမှမဖြေဘူး။
ရှောင်းကျန့်က သက်ပြင်းချပြီးတာနဲ့ ဝမ်ရိပေါ်ရဲ့ဖိနပ်ကို ချွတ်ပေးတယ်။ သူ့တကိုယ်လုံးက ပူလောင်နေပြီး အရက်နံ့၊ ဆေးလိပ်နံ့တွေ မွှန်နေတယ်။ ဖိနပ်မချွတ်ရသေးခင်မှာ ဝမ်ရိပေါ်က မူးမူးနဲ့ ခေါ်တယ်။
YOU ARE READING
Finger ||Completed||
Fanfiction*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.