လမ်းခွဲဖို့အကြောင်းကို ရှောင်းကျန့် မပြောဖြစ်တာ အတော်ကြီးကို ကြာခဲ့ပြီ။ ဝမ်ရိပေါ်ဆီကတော့ တခါမှ မကြားဖူးခဲ့ဘူး။
ဝမ်ရိပေါ်ပါးစပ်က ထွက်လာတဲ့ "လမ်းခွဲ"ဆိုတဲ့စကားဟာ၊ သူ့ဘက်က ပြန်မေးတဲ့မေးခွန်း ဖြစ်နေပါတယ်ဆိုရင်တောင် ရင်ဘတ်ပေါ်ကို အလေးတုံးကြီး ဖိချလိုက်သလိုပဲ။ အခန်းထဲမှာ အောက်ဆီဂျင် လျော့ပါးသွားခဲ့တယ်။
ရှောင်းကျန့် အိပ်ရာပေါ်မှာ ထိုင်နေတယ်။ သူ့ရင်ထဲက နှလုံးသားတခုလုံး တူးထုတ်ခံလိုက်ရသလို ခံစားနေရတယ်။ ပါးစပ်ကို ဖွင့်ထားပေမဲ့ ဘာသံမှ ထွက်မလာနိုင်ဘူး။
အဏုမြူဗုံးကို ဟိုးအမြင့်ကြီးကနေ ဒီအိပ်ခန်းထဲ ပစ်ချလိုက်သလိုပဲ။ တချိန်တုန်းက ဒီအိပ်ရာပေါ်မှာ တွယ်နှောင်ခဲ့တဲ့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကို မြေပြင်ရှိရာ လွင့်ထွက်သွားစေခဲ့တယ်။
ပထမဆုံးအကြိမ်အနေနဲ့ ကိုယ်ချစ်တဲ့သူနဲ့ လမ်းခွဲရတဲ့ခံစားချက်ကို ရှောင်းကျန့် ခံစားမိသွားတယ်။ ငိုလို့မရ၊ ခြေထောက်တွေ လှုပ်ရှားလို့မရ၊ ပြတင်းပေါက်အပြင်မှာ ဘာတွေဖြစ်နေနေ ဘာကိုမှ မကြည့်ချင်ဘူး။
အရင်တုန်းကလည်း လမ်းခွဲခဲ့ဖူးတာပဲ။ တကြိမ်ထက် ပိုပြီး လမ်းခွဲခဲ့ဖူးတယ်။ ကိုယ့်ကိုထားခဲ့တာ၊ ကိုယ်ကထားခဲ့တာ။ ဒါတွေကို ကြုံခဲ့ဖူးပေမဲ့ ဒီလိုမျိုး လှုပ်ရှားမရတဲ့အထိ ခံစားရတာမျိုးတော့ တခါမှ မဖြစ်ခဲ့ဖူးဘူး။
ဝမ်ရိပေါ်ဟာ အိပ်ရာပေါ်မှာ ထိုင်နေရင်း ရှောင်းကျန့်ကို ကြည့်တယ်။ သူ ခေါင်းကို ငုံ့လိုက်တယ်။ တိတ်ဆိတ်ခြင်းဟာ ရှောင်းကျန့် မပြောပြချင်ခဲ့တဲ့အဖြေတခုလိုမျိုး။
ဝမ်ရိပေါ်ဟာ အိပ်ရာပေါ်ကဆင်းလို့ အိပ်ခန်းအပြင်ကို ထွက်သွားပြီး ရှောင်းကျန့်အတွက် တံခါးကို ညင်ညင်သာသာ ပိတ်ပေးသွားခဲ့တယ်။
လူတယောက်ဟာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ရှောင်းကျန့်ပြောခဲ့တဲ့ လမ်းခွဲစကားဟာ အနည်းနဲ့အများတော့ လူကို ထိခိုက်စေတာပါပဲ။ ဝမ်ရိပေါ်ရဲ့ရင်ထဲက အသားစိုင်တခုကို ဆွဲထုတ်လိုက်သလိုပဲ။ သေသေရှင်ရှင် ဘာကိုမှ ဂရုစိုက်ခြင်းမရှိ။ သွေးကြောတွေကို သန့်ရှင်းပေးနေတဲ့အချိန် ရှောင်းကျန့်ဟာ ခွဲစိတ်ဆရာဝန်ဝတ်စုံ အဖြူရောင်ကုတ်အင်္ကျီကို ဝတ်လို့ ဝမ်ရိပေါ်ကို ပြောခဲ့တယ်။
YOU ARE READING
Finger ||Completed||
Fanfiction*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.