- 23 - Ending Chapter

6.6K 482 181
                                    

HKG နဲ့ PEK လေဆိပ်တွေဟာ တရုတ်လူမျိုးတွေ အဝင်အထွက် အများဆုံးဖြစ်တဲ့ လေဆိပ်ကြီးနှစ်ခုဖြစ်တယ်။ အလောတကြီး သွားလာနေတဲ့ ခရီးသည်တွေ ရှိနေပြီး ရှောင်းကျန့်ဟာ လေယာဉ်ပေါ်ကနေ အရင်ဆုံးဆင်းတဲ့လူဖြစ်တယ်။

ဟောင်ကောင်ကနေ ပေကျင်းကို ပျံသန်းကြာချိန်က 3.5hrs ဖြစ်တယ်။ ခါတိုင်းဒီအချိန်ဆိုရင် ရှောင်းကျန့်ဟာ အလုပ်လုပ်နေတတ်တာမျိုး၊ စာဖတ်နေတတ်တာမျိုး၊ အိပ်နေတတ်တာမျိုး တခုခု လုပ်နေလေ့ရှိတယ်။ ဒီနေ့မှာတော့ သူ့ခေါင်းထဲမှာ "ဝမ်ရိပေါ် ဝမ်ရိပေါ် ဝမ်ရိပေါ်"ဆိုတဲ့ စကားသုံးလုံးပဲ ရှိနေတယ်။

လေယာဉ်မြေပြင်ပေါ် ဆင်းသက်ပြီဆိုတာနဲ့ ရှောင်းကျန့်ဟာ လေယာဉ်မယ်လေးရဲ့ တောင်းဆိုမှုတွေကြားမှာ ဝမ်ရိပေါ်ကို ဖုန်းခေါ်တယ်။

တူ တူ မြည်နေတဲ့အသံကို နားထောင်ရင်း ဖုန်းကိုင်မှာကို စောင့်နေတယ်။ "လောင်ကုန်း"လို့ နာမည်မှတ်ထားတဲ့ ဒီဖုန်းနံပါတ်ကို သူ မခေါ်ဖြစ်ခဲ့တာ တနှစ်တောင် ရှိသွားပြီဖြစ်တယ်။ သူ ဖုန်းခေါ်နေတဲ့အချိန် ဒီစာလုံးနှစ်လုံးကို တွေ့လိုက်ရတဲ့အခါ ရှောင်းကျန့်ဟာ ဖုန်းကိုင်ထားရင်း ချွေးတွေ ပြန်နေခဲ့တယ်။ သူ့ရဲ့စောင့်ဆိုင်းနိုင်မှု သည်းခံစိတ်တွေဟာ အဆက်မပြတ် လောင်ကျွမ်းနေတယ်။ သူ စဉ်းစားနေတယ်။ ဝမ်ရိပေါ် မင်း လူဆိုးကောင်။ အခုချက်ချင်း ဖုန်းကိုင်စမ်း!

ရှောင်းကျန့်စိတ်ထဲ ခံစားချက်မရှိတဲ့ စက်ရုပ်အမျိုးသမီးအသံကို ကြားရပြီး ဝမ်ရိပေါ် ဖုန်းမကိုင်နိုင်သေးကြောင်း ပြောတော့မယ်ထင်နေခဲ့တာဖြစ်တယ်။ ဖုန်းမြည်သံ တတူတူ အဆုံးသတ်နားမှာ သူ့ကို စိတ်ပူစေခဲ့တဲ့လူရဲ့အသံခပ်နိမ့်နိမ့်ကို သူ ကြားလိုက်ရတယ်။

"ရှောင်းကျန့်?"

ရှောင်းကျန့်မှာ ပြောစရာတွေ အများကြီးရှိတယ်။ သူ လေယာဉ်စီးလာတဲ့ခရီးစဉ်တလျှောက်လုံး ဝမ်ရိပေါ်ကို စကားတွေ ပြောချင်နေခဲ့တယ်။ ဒါပေမဲ့ အခုချိန်မှာ ရှောင်းကျန့်ဟာ လေယာဉ်ခန်းထဲမှာ ငိုနေတယ်။ သူ ဘာစကားမှ မပြောနိုင်ဘူး။ လေယာဉ်မယ်လေးက အူလည်လည်နဲ့ သူ့ကို တစ်ရှူးကမ်းပေးတယ်။ ရှောင်းကျန့်ဟာ လေယာဉ်ပေါ်ကနေ ငိုယိုရင်း အရင်ဆုံး ဆင်းသွားခဲ့တယ်။

Finger ||Completed||Where stories live. Discover now