ပေကျင်းရဲ့ ဆောင်းရာသီမှာ အေးစက်တဲ့ လေပြင်းတွေဟာ ခြောက်သွေ့နေတဲ့သစ်ရွက်ခြောက်တွေကို ကောင်းကင်ပေါ် ပျံဝဲသွားစေတယ်။
လမ်းသွားလမ်းလာတွေဟာ သူတို့ရဲ့ကုတ်အင်္ကျီတွေကို တင်းတင်းပတ်ထုပ်ရင်း တစုံတယောက် စောင့်နေသူရှိတဲ့ သူတို့ရဲ့အိမ်တွေရှိရာကို ခြေလှမ်းသွက်သွက်နဲ့ ပြန်နေကြတယ်။
ဝမ်ရိပေါ်ဟာ အနက်ရောင် commercial car ထဲမှာ ထိုင်နေတယ်။ ဒရိုင်ဘာက သူ့ကို ပြောတယ်။ ဆရာရှောင်း ဖုန်းခေါ်ထားပါတယ်။ မင်း ဘယ်ရောက်နေလဲလို့ မေးတယ်တဲ့။
ပြီးခဲ့တဲ့ ၃ နာရီလုံးဟာ ဝမ်ရိပေါ်အတွက်တော့ အနှိပ်စက်ခံလိုက်ရသလိုပါပဲ။
သူဌေးဆီက ဖုန်းကို ရတဲ့အချိန်မှာ ဝမ်ရိပေါ်ဟာ ဖုန်းထဲကနေ ရှောင်းကျန့် ကြိုက်တတ်တဲ့ ဘဲကင်မှာဖို့ အရသာရွေးချယ်နေခဲ့တာဖြစ်တယ်။
သူဌေးပြန်ခေါ်လို့ သွားခဲ့ရတဲ့ လမ်းတလျှောက်မှာ ဝမ်ရိပေါ်ဟာ ပွဲမှာ နာမည်ကြီး ဒါရိုက်တာ၊ screenwriter ကြီးနဲ့ တွေ့ခဲ့တဲ့အကြောင်းကို သေချာ ပြန်စဉ်းစားနေခဲ့တယ်။ မိနစ် ၃၀ အတွင်းမှာ တဖက်လူဟာ ဒီနန်းတွင်းဒရာမာကြီးမှာ ဝမ်ရိပေါ်ကို မင်းသားနံပါတ် ၂ အဖြစ်ရွေးချယ်ဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချအောင် လုပ်သလိုဖြစ်ခဲ့တယ်။
ဘာလို့များ ဝမ်ရိပေါ်ကို လာနောက်နေကြတာလဲ?
ဒီဒရာမာနဲ့ပတ်သက်ပြီး သူ စိတ်အားထက်သန်မှု အရမ်းများသွားခဲ့သလား? ဝမ်ရိပေါ် ပြန်စဉ်းစားလို့ မရခဲ့ဘူး။ မင်းသားနံပါတ် ၂ နေရာအတွက် သူ့ရဲ့ တက်ကြွမှုကို ပြခဲ့မိလို့လား?
သူ သဘောကျကြောင်းကို ပြသခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ သူ ဒီအတိုင်း ပြောချင်တာကို ပြောပြခဲ့ရုံပဲ။ ဝမ်ရိပေါ်မှာ ရှောင်းကျန့်လိုချင်တဲ့ role နေရာကို လုဖို့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ဘူး။ ဒါဟာ သူ လိုချင်မှုအနည်းဆုံး role ပဲ။
တခါတုန်းက ရှောင်းကျန့်က အပြုံးလေးနဲ့ သူ့ကို ရွဲ့ပြောခဲ့တဲ့စကားကိုတောင် ဝမ်ရိပေါ် မှတ်မိသေးတယ်။
"နာမည်ကြီးကြယ်ပွင့်တွေက တဖက်လူကို ညှာတာတတ်တာမဟုတ်ဘူး"
ဒီစကားကို ပြောတဲ့အချိန်မှာ ရှောင်းကျန့်ဟာ သူ့ရင်ခွင်ထဲမှာ လှဲလို့ ဝမ်ရိပေါ်နဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေ ပြောထားတဲ့ ဝီချက်စာတွေကို လိုက်ကြည့်နေခဲ့တယ်။ နားလည်မှုမရှိတဲ့အပေါ် သူ့ကို လှောင်ရယ်လို့ အပြစ်တင်နေခဲ့တယ်။
YOU ARE READING
Finger ||Completed||
Fanfiction*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.