"Finger" အတွက် Starry ၏ မှတ်စုတို။
*
"Finger-指"
အိမ်~
ရှောင်းကျန့်ဟာ တချိန်တုန်းက ဝမ်ရိပေါ် ချန်ထားရစ်ခဲ့တဲ့ အိမ်ကလေးဖြစ်ပြီး
ဝမ်ရိပေါ်ဟာ ရှောင်းကျန့် အမြဲ ခိုဝင်နားချင်တဲ့ အိမ်ကလေးဖြစ်တယ်။
နာကျင်မှုတွေကို ထမ်းပိုးလို့ ပင်ပန်းမှုတွေအောက်မှာ ပြေးလွှားရင်း နောက်ဆုံးမှာတော့.....
ဒဏ်ရာအထပ်ထပ်နဲ့ လူဆိုးကောင်လေးဟာ သူ ချန်ထားရစ်ခဲ့တဲ့ အိမ်လေးရှိရာဆီကို ပြန်လာခဲ့ပါတယ်။
အိမ်တဲ့။
အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုထားတာတွေ အများကြီးရှိတယ်။
အဲ့ထဲက တခုသော အဓိပ္ပါယ်လေးကတော့..."အိမ်ဆိုတာ ဘယ်တော့မှ စွန့်ခွာမသွားနိုင်တဲ့ ချည်တိုင်ငယ်" တခုဖြစ်တယ်ဆိုတာပါပဲ။
𝑾𝒉𝒆𝒏 𝑰'𝒎 𝒂𝒘𝒂𝒚,
𝑰 𝒘𝒊𝒍𝒍 𝒓𝒆𝒎𝒆𝒎𝒃𝒆𝒓 𝒉𝒐𝒘 𝒚𝒐𝒖 𝒌𝒊𝒔𝒔𝒆𝒅 𝒎𝒆
𝑼𝒏𝒅𝒆𝒓 𝒕𝒉𝒆 𝒍𝒂𝒎𝒑𝒑𝒐𝒔𝒕 𝒃𝒂𝒄𝒌 𝒐𝒏 𝑺𝒊𝒙𝒕𝒉 𝒔𝒕𝒓𝒆𝒆𝒕
𝑯𝒆𝒂𝒓𝒊𝒏𝒈 𝒚𝒐𝒖 𝒘𝒉𝒊𝒔𝒑𝒆𝒓 𝒕𝒉𝒓𝒐𝒖𝒈𝒉 𝒕𝒉𝒆 𝒑𝒉𝒐𝒏𝒆
"𝑾𝒂𝒊𝒕 𝒇𝒐𝒓 𝒎𝒆 𝒕𝒐 𝒄𝒐𝒎𝒆 𝒉𝒐𝒎𝒆"
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. (ဒီပုံလေး Edit ပြီး လက်ဆောင်ပေးတဲ့ "မင်းကငါ့ရဲ့ကြယ်ကလေး" ကို အများကြီးကျေးဇူး။ အရမ်းသဘောကျပါတယ်။ ♥️)
*
Quotev link ကို Conversationမှာ တင်ထားပါတယ်။
နှစ်ဆန်းတရက်နေ့မှာ အဆုံးသတ်နိုင်ခဲ့တယ်ဆိုတော့ အမှတ်တရ ဖြစ်သွားတာပေါ့။ Yay~!!
အပြိုင်ကမ္ဘာမှာတော့ သူတို့အချစ်တွေက ဆက်လက်တည်မြဲနေဦးမှာပါပဲ။
မှတ်မှတ်ရရ စာဖတ်သူ အများစုနဲ့ ကျနော်နဲ့ အန်နာဂျီ သိပ်မကိုက်ခဲ့တဲ့ Fic လေးပေါ့။ တားရ၊ ဆီးရ၊ အငြင်းအခုံတွေဖြစ်ရ၊ အမှတ်တရပါပဲ။ 😆
ဘာပဲပြောပြော ပြီးသွားခဲ့ပြီ။ ကျနော်ကတော့ အရမ်းကြိုက်ပါတယ်။
အရှေ့က FMV လေးက ကျနော်ကိုယ်တိုင် ခွင့်သွားတောင်းပြီး YouTube မှာ upload လုပ်ထားတာပါ။ ကြည့်ပေးကြပါဦးနော်။ ဝေ့ပေါ်မှာတော့ နောက်ထပ် FMV တွေ၊ Fanart တွေ အများကြီးရှိသေးတယ်။
နှစ်ဦးဆုတောင်းအနေနဲ့ နှစ်သစ်မှာ ဒီကလေးနှစ်ယောက် အများကြီးပျော်ပါစေ။ Anti တွေလျော့လို့ ချစ်သူ၊ ခင်သူ၊ အကျိုးလိုလားသူ ပိုတိုးပါစေ။ ဒီထဲက ချစ်ခြင်းလိုမျိုး တယောက်အပေါ်တယောက် နားလည်မှုပေါင်းများစွာနဲ့ ဆက်ချစ်နိုင်ကြပါစေ။
သူတို့နဲ့အတူ Starry ရဲ့ စာဖတ်သူအပေါင်းလည်း နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး မြန်မာပြည်ကြီးလည်း လူယုတ်မာတွေလက်အောက်က အမြန်ဆုံးလွတ်မြောက်ပါစေလို့။
Ongoing လိုက်ပေးသူ၊ သေချာဖတ်ရှုပြီး Vote ပေးသူ၊ မန့်ပေးသူ၊ Starry နဲ့ ငြင်းခုံပြီး ဆွေးနွေးပေးကြသူတွေအပါအဝင် ကျေးဇူးတင်ထိုက်သူအပေါင်းအား အမြဲကျေးဇူးတင်လျက်။
အားလုံး ကျန်းမာရေးဂရုစိုက်ကြပါ။
Starry~ ♡.
———————————————————

YOU ARE READING
Finger ||Completed||
Fanfic*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.