- 08 -

3.7K 446 45
                                    

ဝမ်ရိပေါ်နဲ့ Fiona ရဲ့ အချစ်ရုပ်ရှင်ဇာတ်လမ်းကို Gulanyu မှာ ရိုက်တယ်။ ရှောင်းကျန့်က Xiamen ကို တအားသဘောကျတယ်။

လွန်ခဲ့တဲ့တပတ်တုန်းက ရှောင်းကျန့်ဟာ Xiamen ကို ခိုးကြောင်ခိုးဝှက်နဲ့ သွားလည်ခဲ့သေးတယ်။

ညသန်းခေါင် ၂ ချက်ထိုးကျမှ ဝမ်ရိပေါ်မှာ ရိုက်ကွင်းကနေ ထွက်ခွာခွင့်ရတယ်။ သူ့တကိုယ်လုံးမှာ မိုးရေအတုတွေ ရွှဲစိုနေတယ်။ လက်ထောက်က အပြေးလာပြီး ဝမ်ရိပေါ်ကို တဘက်နဲ့ ပတ်ပေး၊ ခေါင်းပေါ် ရေစိုနေတာတွေကို သုတ်ပေးပေမဲ့ ဝမ်ရိပေါ်က တဘက်ကို တွန်းဖယ်ပြီး လက်ထောက်ကို မေးခွန်း ၃ ခု တပြိုင်တည်းမေးတယ်။

"ငါ့ဖုန်းဘယ်မှာလဲ?"

"ရှောင်းကျန့် ဘယ်မှာလဲ?"

"သူ အိပ်ပျော်နေတာလား?"

"ဆရာရှောင်းက ကားထဲမှာ စောင့်နေတယ်။ အိပ်နေတာ ၅ နာရီလောက်တော့ရှိပြီ"

ဝမ်ရိပေါ်က အဝတ်အစားမလဲဘူး။ ရုပ်ရှင်ရိုက်တဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားဆဲဖြစ်တယ်။ သူ့တကိုယ်လုံးကနေ ရေတွေ ညှစ်ချရင် ဇလားတခုစာလောက် ရနိုင်တယ်။ အဲ့အတိုင်းပဲ ကားရှိရာပြေးပြီး အိပ်ပျော်နေတဲ့ရှောင်းကျန့်ကို သူ့ရင်ခွင်ထဲ ပွေ့ယူတာမို့ ရှောင်းကျန့်ရဲ့အဝတ်တွေ ချက်ချင်းရေစိုသွားခဲ့တယ်။

ရှောင်းကျန့်က အိပ်ချင်မူးတူးဖြစ်နေတယ်။ သူ့တကိုယ်လုံးဟာ စိုစွတ်နေတဲ့အဝတ်အစားတွေကြောင့် အေးစက်သွားတယ်။ သူ့မျက်လုံးကိုဖွင့်လို့ ဝမ်ရိပေါ်ကို တွန်းထုတ်တယ်။

"မင်း ဘာလို့ အဝတ်အစားတွေ မလဲတာလဲ? အေးစက်နေတာပဲ။ ဝမ်ရိပေါ် ဖြည်းဖြည်းလုပ်။ စိုနေတာပဲ"

"ဒါဖြင့် မင်းက ငါ့ကို လွှတ်စေချင်တာလား?"

"....."

ရှောင်းကျန့်ဟာ သူ့လက်ကိုမြှောက်လို့ ရေတွေတစက်စက်ကျနေတဲ့ဝမ်ရိပေါ်ကို ပြန်ဖက်လိုက်တော့တယ်။

ရှောင်းကျန့်က Fiona ကို ညဘက်မုန့်သွားစားဖို့ ဖိတ်ခေါ်တယ်။ Fiona က ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူဖြစ်တယ်။ သူမက လက်ကိုခါရမ်းပြရင်း,

Finger ||Completed||Where stories live. Discover now