ဒီအပိုင်းကို ဒါလေးဖွင့်နားထောင်ရင်း ဖတ်ကြည့် ♥️
*****
နှစ်များစွာကြာပြီးနောက်...
ရှောင်းကျန့် ဝမ်ရိပေါ်နဲ့ အတူတူနေတာ ၁၀ နှစ်ကျော်သွားပြီဖြစ်တယ်။ ဝမ်ရိပေါ် ဘယ်လိုလူမျိုးလဲဆိုတာကို သူ မကြာခဏ တွေးမိနေတုန်းပါပဲ။
ဒီနေ့အထိ အဖြေကို မစဉ်းစားနိုင်သေးဘူး။ ရှောင်းကျန့်ဟာ လေယာဉ်ထိုင်ခုံမှာထိုင်ရင်း ခပ်ဖွဖွ ပြုံးလိုက်တယ်။
PEK နဲ့ SHA ဟာ တရုတ်စကားပြော စီးပွားရေးသမားတွေအတွက် အသုံးပြုရဆုံးသော လေဆိပ်ကြီးနှစ်ခုဖြစ်တယ်။ မြို့တော်လေဆိပ်က မထွက်ခွာခင်မှာ ရှောင်းကျန့် ဝမ်ရိပေါ်ဆီကို စာတွေ ဘယ်နှစ်ကြိမ်လောက် ပို့နေမိမှန်းတောင် မမှတ်မိတော့ဘူး။
[လောင်ကုန်း လေယာဉ်ထွက်တော့မယ်။ မင်းကို လွမ်းတယ်။]
[လေယာဉ်ပေါ်မှာ အိပ်လိုက်လာခဲ့။ ငါလာကြိုမယ်။]
ဝမ်ရိပေါ်ရဲ့အဖြေတွေကတော့ အမြဲတမ်း အတူတူချည်းပါပဲ။
"ငါလာကြိုမယ်"ဆိုတဲ့ ဒီစကား ၄ လုံးဟာ ရှောင်းကျန့်ကို လေယာဉ်ခန်းထဲက Business class မှာ ငြိမ်ငြိမ်လေး ထိုင်နေစေပြီး Airplane mode လုပ်ထားတဲ့ဖုန်းကို အတွေးပေါင်းများစွာနဲ့ ကိုင်ထားမိစေတယ်။
ဘဲဥပုံမှန်ပြတင်းကနေတဆင့် တဖြည်းဖြည်းဝေးသွားတဲ့ အပြင်က မြို့တော်ရှုခင်းကို ကြည့်နေမိတယ်။ လေယာဉ်ဟာ တိမ်တွေကြား တိုးဝင်လို့ သူ့ကို အိမ်ပြန်ပို့ပေးနေတယ်။
ပေကျင်းရဲ့ကောင်းကင်ဟာ နက်ပြာရောင်သမ်းနေဆဲဖြစ်ပြီး ခြောက်သွေ့အေးမြနေတယ်။
ပေကျင်းဟာ အရမ်းနေလို့ကောင်းတဲ့မြို့တော်ဖြစ်တယ်။
ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ အလုပ်ကြိုးစားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစားထိုးလို့မရတဲ့နေ့ရက်တွေကို ပေကျင်းမှာ ကုန်ဆုံးခဲ့တယ်။ ရှောင်းကျန့်ဟာ တိထန်းပန်းခြံက နှစ်တရာသစ်ရွက်တွေကို အမြဲသဘောကျနေတုန်းပါပဲ။ အနီရောင်အုတ်တံတိုင်းတွေပေါ်က အဖြူရောင်နှင်းတွေကို အမြဲလွမ်းဆွတ်နေခဲ့တယ်။
YOU ARE READING
Finger ||Completed||
Fanfiction*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.