What happened afterwards - 01

4.4K 416 105
                                    

တနှစ်အကြာမှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ ပေကျင်းကနေ ရှန်ဟိုင်းကို ပြောင်းသွားခဲ့တယ်။

ဘာဖြစ်လို့လဲ သိချင်လား?

*

"လောင်ကုန်း မင်း ငါနဲ့ Sex လုပ်ချင်လား?"

ရှောင်းကျန့်ဟာ ရှေ့ကို ပြေးသွားပြီး ဝမ်ရိပေါ်ရဲ့လည်တိုင်ကို ခိုတွဲတယ်။ အရပ် 1.80 meters ကျော်ရှည်တဲ့ အရွယ်ရောက်ပြီးသား အမျိုးသားဟာ အရင်တုန်းကလိုပဲ နေရာမှာတင် ဝမ်ရိပေါ်ရဲ့ခါးပေါ် ခုန်တက်ခွတယ်။

ဝမ်ရိပေါ်ဟာ ၂၄ နာရီကျော်တဲ့ထိ တမှေးမှ မအိပ်ရသေးဘူး။ စောစောကတင် ရှောင်းကျန့်ရဲ့အိမ်တံခါးဝမှာ လုကျယ်ရဲ့ စက်သေနတ်ပစ်တာကိုလည်း ခံထားရသေးတယ်။ သူ့မှာ ရှောင်းကျန့်ရဲ့တင်ပါးကို ထိန်းကိုင်ထားရင်း သေချာ မတ်မတ်မရပ်နိုင်ဘူး။ အနောက်ကို ၃-၄ လှမ်းလောက် ဆုတ်သွားပြီး ဧည့်ခန်းထဲကို အတူတူ ဝင်သွားတယ်။

ရှောင်းကျန့်မှာ ဝမ်ရိပေါ်ကို မေးချင်တဲ့စိတ်ကို မနည်းထိန်းထားရတယ်။ နည်းနည်းမသင့်တော်တဲ့မေးခွန်းပေါ့။ ဒီနှစ်ထဲ ငါကပဲ ဝိတ်တက်လာတာလား? ဒါမှမဟုတ် ဝမ်ရိပေါ်ကပဲ မချီနိုင်တော့တာလား?

"ဝမ်ရိပေါ် မင်း ဒါလေးတောင် မရဘူးလား?"

ဝမ်ရိပေါ်က ဒီမေးခွန်းကို လျစ်လျူရှုထားတယ်။ ဒီလို သံသယမျိုးအတွက် အချိန်ဖြုန်းမနေချင်ဘူး။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို အိပ်ခန်းရှိရာ ခေါ်သွားတယ်။ ဧည့်ခန်းထဲကနေ ဖြတ်လျှောက်နေတုန်းမှာပဲ ဝမ်ရိပေါ်ရဲ့ခါးပေါ် တက်ခွထားတဲ့ရှောင်းကျန့်က ခါးကို ခပ်ကြမ်းကြမ်း တွန့်လိုက်တာမို့ ဝမ်ရိပေါ် ယိုင်သွားတယ်။ ရှောင်းကျန့်ရဲ့ ခြေတံရှည်တွေဟာ နံရံနဲ့ ခိုက်မိသွားပြီး ဝမ်ရိပေါ်အပေါ်ကနေ အောက်ကို ခုန်ဆင်းလိုက်ရတယ်။

ပင်ပန်းနေတဲ့ဝမ်ရိပေါ်ဟာ ခါတိုင်းထက် ပိုစကားများတယ်။

ဝမ်ရိပေါ်မှာ ရှောင်းကျန့်ကို အိပ်ခန်းထဲခေါ်သွားပြီး အဝတ်တွေချွတ်ဖို့ ခွန်အားမရှိတာ မဟုတ်ဘူး။ ရှောင်းကျန့်ဟာ ဧည့်ခန်းထဲက အပြင်အဆင်တွေကို ကြည့်ပြီး အမိန့်ဆန်စွာ ဝေဖန်နေလို့ပါပဲ။ ဒါဟာ ဝမ်ရိပေါ်ကို အရမ်းသက်တောင့်သက်သာရှိစေတယ်။ Sex လုပ်ဖို့အတွက်ကိုတောင် သူ စောင့်ပေးနိုင်တယ်။

Finger ||Completed||Where stories live. Discover now