*Reminder*
Hey, ummmm.... ဘာမှမဟုတ်ပါဘူး။ အရင်ပြောနေကျ စကားတွေကိုပဲ သတိထပ်လာပေးတာပါ။ 😅
Enjoy~
*****
လမ်းခွဲစကားဆိုတာ ရှောင်းကျန့်ဘက်က အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီး မဖြစ်မြောက်ခဲ့ပေမဲ့ ဝမ်ရိပေါ်ဘက်က တကြိမ်ပြောဖြစ်ရုံနဲ့တင် လုပ်ဖြစ်ခဲ့တာဖြစ်တယ်။
ဝမ်ရိပေါ်က အိတ်တလုံးတောင် သယ်မသွားဘူး။ ရှောင်းကျန့်ဟာ ဆိုဖာပေါ်မှာ လှဲနေတယ်။ ဝမ်ရိပေါ်အပြင်ထွက်ဖို့ ဖိနပ်စီးနေသံကို ကြားတဲ့အခါ သူ့မျက်နှာကို ခေါင်းအုံးပေါ် မှောက်တင်ထားရင်း မေးလိုက်တယ်။
"မင်းအိတ်က သယ်မသွားဘူးလား?"
"မသယ်ဘူး။ မင်း မမြင်ချင်ရင် လွှင့်ပစ်လိုက်"
"ငါက ဘာလို့မင်းဟာတွေကို ကူလုပ်ပေးနေရမှာလဲ?"
"အဲ့ဒါဖြင့် မင်း မနက်ဖြန် အလုပ်သွားတဲ့အခါကျရင် ငါ တယောက်ယောက်ကို လာယူခိုင်းလိုက်မယ်"
ဒီအိမ်မှာ သူ လိုချင်တာ တခုပဲရှိတယ်။ ဒါပေမဲ့ ဝမ်ရိပေါ်မှာ ယူဆောင်သွားလို့ မရတော့ဘူး။ သူ ဒီနေရာမှာ အချိန်ထပ်ဆွဲမနေချင်တော့ဘူး။
ပေကျင်းရဲ့ မတ်လ မနက်အစောပိုင်းမှာ နွေဦးရာသီရဲ့အရိပ်အမြွက်ကို မမြင်ရဘူး။ ကောင်းကင်နဲ့ မြေကြီးဟာ နက်ပြာရောင်သမ်းနေခဲ့တယ်။
ဝမ်ရိပေါ်ဟာ ဒီနှစ်တွေအတွင်း ပထမဆုံး အကြိမ်အနေနဲ့ အဆောက်အဦးရဲ့မိန်းပေါက်ဝကနေ ထွက်သွားတယ်။
ဒီအိမ်ကို ပြောင်းလာတုန်းက သူဟာ နာမည်ကြီးနေပြီဖြစ်တယ်။ အသွားအပြန် လုပ်ရတဲ့အချိန်တိုင်းမှာ ဒရိုင်ဘာဟာ သူ့ကို ကားပါကင်ထဲထိ လိုက်ပို့ပေးရပြီး ဓါတ်လှေကားပေါက်ဝရှိရာ ပြေးသွားခဲ့ရတယ်။
တံခါးအပြင်ကို ထွက်ဖို့ ခွင့်ပြုကတ် လိုတယ်ဆိုတာ ဝမ်ရိပေါ် မသိခဲ့ဘူး။ သူ ယူမလာခဲ့ဘူး။ လုံခြုံရေးအစောင့်က သူ့ကို အိမ်နံပါတ်အချက်အလက်တွေ စာရင်းဖြည့်ခိုင်းတယ်။ ဝမ်ရိပေါ်ရဲ့လက်ဟာ သူ သတိမထားလိုက်မိပါပဲနဲ့ အိမ်နံပါတ်ကို ရေးချလိုက်တယ်။ ဒါပေမဲ့ လက်မှတ်ထိုးတဲ့ဘောပင်ဟာ စာရွက်ပေါ်ကို ကျရောက်မလာခဲ့ဘူး။

YOU ARE READING
Finger ||Completed||
Fanfic*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.