- 10 -

3.1K 407 39
                                    

ပြောခဲ့သလိုပဲ။ နောက်တနာရီလောက်ကြာမှ ပြန်လာဖတ်ပေးပါနော်။ စောင့်နေတဲ့အချိန်ကို ရှေ့အပိုင်းလေး ပြန်ဖတ်ပေးပါဦး ပလိစ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ ကင်မရာအဖွဲ့သားဘဝ။

ရှောင်းကျန့်မှာ ပြောစရာဒိုင်ယာလော့တွေ အများကြီးရှိသလို တိုက်ခိုက်ခန်းတွေ အများကြီးပါတယ်။ သူ့မှာ မကြာခဏ ဝါယာကြိုးနဲ့အချည်ခံရပြီး ရိုက်ကွင်းက တအားခက်ခဲတယ်။

"Change the Sky"ရဲ့ ခေါင်းဆောင်မင်းသားဟာ ကိုရီးယားကနေ ပြန်လာတဲ့ Idol တယောက်ဖြစ်တယ်။ ရှောင်းကျန့် စဉ်းစားကြည့်တယ်။ ခေါင်းဆောင်မင်းသားဟာ သူ့လောက်နီးနီးချောတယ်လို့ပေါ့။ ဒီလိုမျိုး ကိုယ့်ကိုကိုယ် စိတ်ရင်းမှန်နဲ့ ဝန်ခံဖြစ်တယ်ဆိုတာ ရှားတယ်။

ကင်မရာအဖွဲ့သားဘဝကို ပြန်ရောက်လာတဲ့အခါ တချိန်တုန်းက ဝမ်ရိပေါ်နဲ့ ရိုက်ကွင်းထဲက အချိန်တွေအကြောင်းကို မကြာခဏ ပြန်စဉ်းစားမိတယ်။

နေ့တိုင်း ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ အဖွဲ့သားတွေရဲ့ minibus ကိုစီးလို့ ပေါင်းဖိုလို ပူလောင်နေတဲ့ရာသီဥတုအောက်မှာ မတ်တပ်ရပ်ရင်း အပြာဆန်တဲ့ဟာသတွေ ပြောနေခဲ့ကြတယ်။ စကားပြောပြီးရင် သူတို့နှစ်ယောက်ပဲ ရယ်တယ်။ တခြားလူတွေဟာ သူတို့ကို အရူးတွေလို့ သတ်မှတ်ထားရတဲ့အထိဖြစ်တယ်။

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ ခေါင်းမာမာနဲ့ပဲ "စိတ်ကျန်းမာရေးမကောင်းသူ"နှစ်ယောက်အဖြစ်နေရင်း သူတို့နှစ်ယောက်ပဲနားလည်တဲ့ဟာသတွေကို ရယ်မောနေတတ်ခဲ့ကြတယ်။

အဲ့တုန်းက ဝမ်ရိပေါ်ပြောခဲ့တဲ့ဟာသတွေကို အခုချိန် ပြန်စဉ်းစားကြည့်ရင် တခုမှ မရယ်ရဘူး။ အဲ့တုန်းကတော့ ပြောသမျှဟာသတိုင်းကို ရှောင်းကျန့်က စိတ်ရင်းမှန်နဲ့ တကယ်ရယ်ပေးခဲ့တာဖြစ်တယ်။

ကိုယ်ရိုက်ရမယ့်အလှည့်ကို အကြာကြီးစောင့်နေရင်းပဲ ရှောင်းကျန့်ဟာ သူ ဝမ်ရိပေါ်နဲ့ ဘယ်လိုများ အိပ်ဖြစ်သွားခဲ့တယ်ဆိုတာတွေကို တွေးနေခဲ့တယ်။

Finger ||Completed||Where stories live. Discover now