ကိုရီးယားစားသောက်ဆိုင်ကနေ ဘယ်လိုထွက်လာခဲ့လဲဆိုတာ ရှောင်းကျန့် မသိဘူး။ စပွန်ဆာကားရဲ့နောက်ခန်းမှာ ထိုင်နေရင်း ကားပြတင်းမှန်ကို အဆုံးထိ ချလိုက်တယ်။ ညသန်းခေါင်လောက်မို့ လမ်းပေါ်မှာ ရှင်းလင်းနေတယ်။ လေကြမ်းတွေဟာ ကားထဲကို တဝုန်းဝုန်း တိုးဝင်လာတယ်။
သူ့လက်ပေါ်မှာ ဝမ်ရိပေါ်ရဲ့ semen နံ့တွေ ရှိနေတုန်းပဲ။ သူ့နှာဝမှာ ဝမ်ရိပေါ်ရဲ့ဆေးလိပ်နံ့တွေ စွဲနေတယ်။
သူနဲ့ ဝမ်ရိပေါ်ကြား ပတ်သက်မှုမှာ သူက အမြဲ အသာစီးရတဲ့လူလို့ ရှောင်းကျန့်က ထင်ထားခဲ့တာဖြစ်တယ်။
သူ ခေါင်းညိတ်လိုက်တယ်။ အဲ့တော့ စတင်ပြီပေါ့။ သူ အတူမနေနဲ့လို့ ပြောတဲ့အခါ ဝမ်ရိပေါ်ဟာ ငြင်းဆိုမှုတွေမရှိပါပဲ ထွက်ခွာသွားခဲ့တယ်။
အရင်က သတိမထားခဲ့မိပေမဲ့ ဒီညမှာတော့ သူ့နှလုံးသားတွေ မီးလို လောင်ကျွမ်းနေကြောင်း ရှောင်းကျန့် သတိပြုမိလိုက်တယ်။ ဒါဟာ စိတ်ရှုပ်စရာပဲ။
သူ ဝန်ခံရမှာ ရှက်ရွံ့ခဲ့တယ်။ ဒါဟာ မသတီစရာကောင်းတယ်။ သူ ထင်ခဲ့တာက သူသာ ဝီချက်စာလေးတစောင် ဝမ်ရိပေါ်ဆီကို ပို့လိုက်ရင် ဝမ်ရိပေါ်ဟာ အဲ့ဒီ့ သူ့ရဲ့လက်ဆွဲအိတ်နဲ့ ချက်ချင်း ပြန်ရောက်လာပြီး တံခါးလာခေါက်မယ်။ ပြီးရင် သူ့ကိုပြောမယ်။
"ရှောင်းကျန့် ငါ မင်းခေါင်းအုံးပေါ်မှာ အိပ်ချင်တယ်" ဆိုပြီး။
သူ ဝီချက်စာ မပို့ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှောင်းကျန့်မှာ ဒီ့ထက်ကောင်းတဲ့အစီအစဉ် ရှိလို့ပါပဲ။ ဝမ်ရိပေါ်က သူ့ကိုအရင်ရှာမယ်။ ပြီးရင် သူ့ကို အရမ်းလွမ်းကြောင်း ပြောလာမယ်။ မင်း မရှိရင် မနေနိုင်ဘူးဆိုပြီး အိမ်ကို ပြန်ပြောင်းလာခဲ့မယ်။
အဲ့လိုသာဖြစ်ခဲ့ရင် ရှောင်းကျန့်က သူ အပြောခံခဲ့ရတာတွေအတွက် ဝမ်ရိပေါ်ကို စိတ်ဆိုးမယ်။ ဒေါသနည်းနည်း ထွက်လိုက်မယ်။
အဲ့လိုဆို သူ နိုင်ပြီပဲ။
စိတ်ဆိုးပြီးတဲ့အခါကျရင် ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှာ အဖက်ခံမယ်။ သူ့ခေါင်းကိုမော့လို့ ဝမ်ရိပေါ်ရဲ့မေးစေ့ကို နမ်းမယ်။ ပြီးရင် ဝမ်ရိပေါ်ကို အထက်စီးဆန်တဲ့လေသံနဲ့ ပြောမယ်။
YOU ARE READING
Finger ||Completed||
Fanfiction*တဘဝစာ ချစ်မြတ်နိုးမှုများ* Translated with permission from the original author.